မြန်မာဆယ်လီ

ဇနီးသည်က ပါရမီဖြည့်ဖက်ကောင်း မဟုတ်ဘူးဆိုတာကို ရှင်းပြလာတဲ့ တေးသံရှင် မနော

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့အဆိုတော်မနောက ချစ်ဇနီးလေးက ပါရမီဖြည့်ဖက် ရာခိုင်နှုန်းပြည့်မပီသတဲ့အကြောင်းအခုလို ဖြေရှင်းလာခဲ့ပါတယ်နော်။ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့အဆိုတော်မနောက ချစ်ဇနီးလေးက ပါရမီဖြည့်ဖက် ရာခိုင်နှုန်းပြည့်မပီသတဲ့အကြောင်းအခုလို ဖြေရှင်းလာခဲ့ပါတယ်နော်။ အဆိုတော်မနောက အမှန်တကယ်စင်စစ်က ဒီလိုပါဗျာ၊ အင်တာဗျူးတစ်ခုမှာကျနော့်ကိုမေးတယ်၊ ကိုမနောရဲ့ဇနီးက ကိုမနောရဲ့ပါရမီဖြည့်ဖက်လို့ဆိုနိုင်လားတဲ့၊ သူဟာကျနော့်ရဲ့ပါရမီဖြည့်ဖက်လို့ ရာခိုင်နှုံးအပြည့်အဝတော့ မဆိုနိုင်ပါဘူး၊ အနည်းအကျင်းတော့မှန်ပါတယ်လို့ ဖြေလိုက်တယ်၊ ဘာလို့လဲတဲ့ အမှန်တကယ်က ကျနော်က သူတို့ကို ပါရမီဖြည့်ပေးနေတာပါ။ ဇနီးနှင့် သား သမီးကို အိမ်မှာ မတောင့်မတ ရပဲ
အတတ်နိုင်ဆုံး ပြည့်စုံအောင်ထားတယ် တရားဘာဝနာ အေးချမ်းစွာအားထုတ်နိုင်အောင် ၊ ကုသိုလ်တရားများနှင့်နေထိုင် တတ်အောင်အမြဲ ဆုံးမသွန်သင်ပေးခဲ့တယ်၊ သူတို့ အခုလို နေရဖို့ကျနော် နှစ်ရှည် နေ့ရောညပါ အလုပ်ကြိုးစားရှာဖွေပေးခဲ့တယ်၊ နောက်ပြီးကျနော် စီးပွားရှာရင်း ရခဲ့တဲ့ ကောင်းကံ ၊ ဆိုးကံတွေက သံသရာတစ်လျှောက်လုံး ကျနော်တစ်ယောက်တည်းခံရမှာဖြစ်ပါတယ် ။ ဒါကြောင့်စီးပွားရှာဖွေသူများအတွက် သတိထားသင့်တယ်၊ သံသရာပါမည့် ကိစ္စများဖြင့်မရှာဖွေတာ မိမိသံသရာအတွက် အကောင်းဆုံးဖြစ်ပါတယ် ၊တရားအသိနည်းစဉ်က လောဘ ဒေါသ မောဟများဖြင့် ရှာဖွေခဲ့တာတွေလည်းရှိနိုင်တယ်လေ၊ မိသားတစ်စုမှာ မိန်းမ ယောကျာ်း သား သမီး ဘယ်သူကပဲ စီးပွားရှာ လုပ်ကျွေးနေပါစေဦး ပါရမီဖြည့်ဖက်လို့မဆိုနိုင်သေးပါဘူး။အမှန်တကယ် သံသရာ ကောင်းကျိုးကိုလိုလားပြီးမိမိရဲ့အတ္တကိုဖယ်ကာ သူတစ်ပါးအပေါ် ပြန်ရလိုမှုဘာမှမရှိတဲ့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့တရားများဖြင့် ပေးဆပ်မှသာ ပါရမီဖြည့်ပေးခြင်းအစစ်ဖြစ်ပါတယ်ခင်ဗျာ။မှတ်ချက်၊ ဇနီး နှင့် သား သမီးတို့ရဲ့ ဆိုးသွမ်းမှုမရှိခြင်းဟာလည်း ကျနော့် ဘဝကို အေးချမ်းစွာ နေထိုင်နိုင်အောင် ပါရမီဖြည့်ပေးနေခြင်းပါပဲလို့ ပြောပါရစေ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ မနော ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်၊

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *