Local News

အဆူဆဲခံရပြီးမှစားရတဲ့ သားသမီးတွေရဲ့လုပ်စာကို မစားလို၍ တွန်းလှည်းလေးနဲ့ ကိုယ်တိုင်စျေးရောင်းထွက်ခဲ့သော အမေအိုကြီးတစ်ဦး

မိဘတွေက ဘယ်လောက်ပဲဆင်းရဲပြီး ဒုက္ခရောက်နေပါစေ သားသမီးတွေဘယ်နှစ်ယောက်ရှိရှိ မငြိုမငြင်ပဲ တန်းတူထမင်းမငတ်အောင် ကျွေးမွေးစောင့်ရှောက်ပေးကြသော်လည်း သားသမီးတွေက သူတို့ပြန်လုပ်ကျွေးရချိန် မကြည်ဖြူကြပေ။သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက်၈၂နှစ်အရွယ် မိခင်အိုကြီးတစ်ဦးသည် သားသမီးတွေရှိသော်လည်း လမ်းပေါ်ထွက်ပြီး တွန်းလှည်းတစ်စီးနဲ့အတူ စျေးရောင်းစားနေရသေးသောအဖြစ်သည် လူအများအား ရင်ထဲထိမိစေခဲ့သည်။ မေအိုကြီးသည် သားသမီးတွေကို အရွယ်ရောက်သည်ထိ အိမ်မှာစျေးဆိုင်သေးလေးဖွင့်ကာ ရှာကျွေးခဲ့သော်လည်း သားသမီးတွေက အိမ်ထောင်ကိုယ်စီကျပြီး အမေအိုကြီးအား ဝန်ထုပ်ဝန်ပိုးတစ်ခုလို သတ်မှတ်ထားကြကာ ကျွေးမွေးစောင့်ရှောက်ရန် ငြိုငြင်ခဲ့ကြသည်။အမေအိုကြီးခမျာ အသက်ကြီးလာ၍ အလုပ်တွေမလုပ်ကူနိုင်တာကြောင့် ထမင်းစားချိန်တိုင်း သားသမီးတွေရဲ့ အဆူအဆဲခံနေရကာ ဒုက္ခမပေးလိုတော့၍ တွန်းလှည်းနဲ့အတူ စျေးထွက်ရောင်းရင်း ဝင်ငွေရှာခဲ့သည်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *