မြန်မာဆယ်လီ

မိသားစုကို ဒုက္ခမပေးတတ်တဲ့ အစ်ကိုလူအေးကြီး ဒါရိုက်တာ ဉာဏတင်စိုးရဲ့ နာရေးသတင်းကို စိတ်မကောင်းစွာပြောပြလာတဲ့ ခင်စံပယ်ဦး

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လူမင်းရဲ့ ဇနီးချော ခင်စံပယ်ဦးကတော့ ကိုယ်တိုင်အနုပညာအလုပ်တွေမလုပ်ကိုင်ပေမယ့် အနုပညာမျိုးရိုးရှိသူတစ်ယောက်ပါ။ ခင်စံပယ်ဦးရဲ့ အစ်ကိုတွေဖြစ်တဲ့ ဉာဏတင်စိုးဟာ ဒါရိုက်တာဖြစ်ပြီး သီဟတင်စိုးက သရုပ်ဆောင်နဲ့ မောင်ဖြစ်သူ စည်သူတင်စိုးကတော့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်စံပယ်ဦးက သူမရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေပြီး အစ်ကိုအကြီးဆုံး ဒါရိုက်တာ ဉာဏတင်စိုးရဲ့ နာရေးသတင်းကို ပြောပြလာခဲ့ပါတယ်။ ခင်စံပယ်ဦးက “ကိုညာရယ်.. အမေ့ကိုအရိပ်တကြည့်ကြည့်နဲ့ အမေချစ်တဲ့သား၊ မိသားစုထဲမှာအလိမ်မာဆုံး အနေအေးသဘောကောင်းတဲ့ လူပျိုကြီး၊ ရုတ်တရက်ကြီးမယုံနိုင်ဘူး” ဆိုပြီး ဝမ်းနည်းစကားပြောထားပါတယ်။ဒါရိုက်တာညဏတင်စိုးကတော့ ရုတ်တရက်ကြီးဆုံးပါးသွားခဲ့တာဖြစ်တာမို့ ကျန်ရစ်သူမိသားစုတွေက ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ ညဏတင်စိုးလည်း ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *