မြန်မာဆယ်လီ

မိသားစုကထိန်အလှူပွဲကြီးမှာ ရွှေသားအစစ်ပုဝါကြီးဆင်မြန်းပြီး ကျက်သရေရှိနေတဲ့ ဝါဝါဝင်းရွှေ

နိုင်ငံကျော် ဝါရင့်သရုပ်ဆောင်၊ ဒါရိုက်တာကြီး အကယ်ဒမီ ဝါဝါဝင်းရွှေကတော့ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးကြီးတစ်ယောက်ပါပဲ။ ဝါဝါဝင်းရွှေက အခုဆိုရင် အသက် ရှစ်ဆယ်ကျော်အရွယ်ရောက်နေပြီမို့ အနုပညာအလုပ်တွေကို လျှော့ချပြီး ဘာသာရေးကို ပိုပြီး အာစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဝါဝါဝင်းရွှေက သူမကိုယ်တိုင်ဦးစီးလုပ်ကိုင်ခဲ့တဲ့ မိသားစုဘုံကထိန်အလှူပွဲကြီး ကျင်းပခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ ဝါဝါဝင်းရွှေက “နှစ်ဖက်သော မိဘ များအမှူးထား၍ ခင်ပွန်းဖြစ်သူဦးသန်းထွဠ် ရှိစဉ်ကတည်းက ကထိန်ခင်းနေကြဖြစ်သော ပဲခူးမြို့ ဘုရင်မကြီး ရှင်စောပု၏ခေါင်းဆေးကျွန်း တိုက်ဆရာတော်ဘုရားကြီးအမှူးထားကာပင့်သံဃာ ၃၆ ပါးတို့နှင့် ၉ ကြိမ်မြောက်ကထိန်အလှူတော်မဂ်လာကျင်းပခါ ၇ ရက်သားသမီး ၃၀၀ တို့အား ဓါန်ပေါက် ရေခဲမုန့် ဆန် ဝါဝါမြေပဲဆီ ငါးသတ္တာဘူးများအားစတုဒီသာ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့်မအိုရာ မနာရာ မသေရာအမှန် မြတ်နိဗ္ဗာန်၏ အထောင့်အပံ့ကောင်းသည်ဖြစ်ပါစေသတည်း ၊ ဦးသန်းထွဠ် နှင့်တကွ ကြားကြားသမျှအား အမျှပေးဝေပါကုန်၏ ဝမ်းမြောက်နုမော်သာဓုခေါ်တော်မူနိုင်ကြပါစေသော်” ဆိုပြီး ပြောလာပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *