FootBall

တစ်ခါစားဖူးပြီးရင် နောက်တစ်ခါမစားရမနေနိုင်တဲ့ သမန်းတောထမင်းကြော်

ရန်ကုန်မြို့မှာ ထမင်းကြော်ကို အရသာကောင်းကောင်းလေးနဲ့ စားချင်သူတွေအတွက် လက်ရာကောင်းပြီး လူကြိုက်များတဲ့ ထမင်းကြော်ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ သမန်းတောထမင်းကြော် ဆိုင်ဖြစ်ပြီး တစ်ခါစားဖူးတာနဲ့ နောက်တစ်ခါ ထပ်လာစားချင်အောင် ဆွဲဆောင်နိုင်တဲ့ဆိုင်လေးလို့ စားသုံးသူတွေက အမြဲမှတ်ချက်ပြုတဲ့ဆိုင်လေးပါဒီဆိုင်လေးကတော့ မြင်းခြံမြို့နယ် သမန်းတောရွာဇာတိဖြစ်တဲ့ ဦးတင်မောင်ဝင်းဆိုသူက လွန်ခဲ့တဲ့ နှစ် (၂၀) ဝန်းကျင်လောက်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ငယ်စဉ်က အလုပ်မျိုးစုံကို လုပ်ခဲ့ဖူးသူဖြစ်ပြီး ဝါသနာပါတဲ့ ထမင်းဟင်းချက်ရောင်းတဲ့အလုပ်ကို လုပ်ဖို့ စိတ်ကူးမိရာကနေ ဆိပ်ကမ်းသာလမ်းမှာ သမန်းတောထမင်းကြော်ဆိုင်ဆိုပြီး စတင်ဖွင့်လှစ်ခဲ့တာပါ။“ စစချင်းကတော့ ဆိပ်ကမ်းသာလမ်းမှာရောင်းတာ၊ ပေ ၂၀ ပေ ၄၀ လောက်ရှိတဲ့ မြေကွက်လပ်ပေါ်မှာ တဲကြီး ထိုးပြီးတော့ လယ်တောထဲမှာ စားရတဲ့ ပုံစံမျိုး လုပ်ထားတာပေါ့။ အဲဒါနဲ့ ဆိုင်ဖွင့်တာ (၁၅) နှစ်လောက်ကြာတော့ ရောင်းတဲ့နေရာက အဆင်မပြေတော့ ထမင်းရောင်းတဲ့အလုပ်ကို ခဏနားခဲ့တာပေါ့။ ” လို့ ဆိုင်ရှင် ဦးတင်မောင်ဝင်းက ဆိုပါတယ်။ဆိုင်ဖွင့်တဲ့သက်တမ်း (၂) နှစ်အတွင်းမှာ တစ်နေ့ကို ဆန် (၂) အိတ်၊ ဝက်သားတစ်မျိုးတည်းကိုပဲ အချိန် (၃၀) လောက်ရောင်းရပါတယ်။ ဒီဆိုင်မှာရနိုင်တဲ့ ဟင်းပွဲအမျိုးအစားတွေကတော့ ဝက်ချို၊ အမဲနှပ်၊ ဆိတ်သားနှပ်၊ ဝက်ကလီစာ ၊ ကြက်ချိုပေါင်း၊ ကြက်အကြွပ်ကြော်၊ ဘဲဥ ၊ ငါးဖယ်၊ ငါးမွှေ တို့ဖြစ်ပြီး ဈေးနှုန်းတွေကတော့ ထမင်းကြော်နဲ့ဟင်းတစ်ပွဲကို ၂၀၀၀ ကနေ အများဆုံး ၃၈၀၀ ကျပ်ခန့်ဖြစ်ပါတယ်။ အရင်က ထမင်းကြော်နဲ့ဟင်းကို တစ်ပွဲ (၁၀၀၀) ကျပ်နဲ့ရောင်းချခဲ့ပေမယ့် ကုန်ဈေးနှုန်းတွေ မြင့်နေတာကြောင့်လည်း ဈေးနှုန်းလေးတွေ တိုးထားရတယ်လို့ဆိုပါတယ်။ဒီဆိုင်လေးကတော့ သာကေတမြို့နယ်၊ ကမာကြည်တံတာအဆင်း ၊ သာကေတအဝိုင်းအနီး YOMA Bank ရှေ့တည့်တည့်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်ဆို ၆ နာရီကနေ ၈ ခွဲ ထိတစ်ကြိမ်၊ ညနေ ၅ နာရီကနေ ၉ ခွဲထိ တစ်ကြိမ်ဖွင့်လှစ်ထားပါတယ်။ ထမင်းကြော်အိအိလေးပေါ်မှာ ဟင်းအနှစ်လေးဆမ်းပြီး နူးအိနေတဲ့ အသားဟင်းလေးတွေနဲ့ တွဲဖက်စားချင်သူတွေအတွက် သမန်းတောထမင်းကြော်ဆိုင်လေးကတော့ အသင့်တော်ဆုံးဖြစ်မှာပါ။ ဒါကြောင့်မို့ ထမင်းကြော်အရသာကောင်းကောင်းလေးစားချင်သူတွေအတွက် ဒီဆိုင်လေးကို တစ်ခါလောက်တော့ စားကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *