မြန်မာဆယ်လီ

ဆေးရုံမှာ (၃၃) ရက်အထိ ဆေးကုသမှု ခံယူခဲ့ရတဲ့ ပေါင်ပေါင်တို့ရဲ့ ကျန်းမာရေး အခြေအနေလေးကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

အခြေအနေ အမျိုးမျိုးကြောင့် မိဘမဲ့နေတဲ့ ကလေးငယ်လေးတွေကို တရားဝင် ခေါ်ယူ ထိန်းသိမ်း စောင့်ရှောက်ပေးနေသူကတော့ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေပဲဖြစ်ပါတယ်။ ကလေးလေးတွေ ခမျာ လသားအရွယ်တွေ ပါသလို မသန်စွမ်းတာတွေ ရောဂါ ဝေဒနာ ခံစားနေရသူတွေတောင် ပါနေတာ စိတ်မကောင်းစရာပါ ။ ခိုင်နှင်းဝေကတော့ ဘယ်လို ပုံစုံ ကလေးမျိုးပဲ ဖြစ်နေပါစေ ကိုယ့်သားသမီး အရင်းလို သဘောထားပြီး မိခင်ရင်း သဖွယ် နွေးထွေးတဲ့ မေတ္တာ တရားတွေနဲ့ စောင့်ရှောက်ပေးနေတာ လေးစားစရာပါ ။ ဒါ့အပြင် ကလေးတွေရဲ့ ကျန်းမာရေးကအစ တာဝန်ယူ ကုသပေးနေတာလည်း ဖြစ်ပါတယ် ။အခုလည်း ဆေးရုံမှာ (၃၃) ရက် ထိ ဆေးကုသမှု ခံယူခဲ့ရတဲ့ ပေါင်ပေါင်တို့ရဲ့ ကျန်းမာရေး အခြေအနေလေးကို ” ဆေးရုံမှာ (၃၃) ရက် ထိ ဆေးကုသပြီး ကိုပေါင်ပေါင်တို့ ဆေးရုံ ဆင်းရပါပြီရှင်..အသက် ကယ်ခွင့်ရတဲ့ အတွက်လဲ အများကြီး ဝမ်းသာမိပါတယ်..ကလေးတွေကို ဂရုစိုက် ကုသ ပေးပါသော ရန်ကင်း ကလေးဆေးရုံကြီးမှ တာဝန်ရှိ ဆရာဝန်ကြီးများ ၊ဝန်ထမ်းများ အားလုံးကိုလဲ အထူး ကျေးဇူးတင်ရှိပါတယ်ရှင်..ကျန်းမာ သန်စွမ်းပြီး လူသားတစ်ဦး အဖြစ် ရပ်တည်နိုင်တဲ့ ကလေးများ ဖြစ်ဘို့ ဆက်လက် ကြိုးစားသွားရမဲ့ ကျမ ကလေးတွေ အတွက် မေတ္တာပို့ ပေးကြပါဦးရှင်..❤️❤️..” ခုလိုရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *