မြန်မာဆယ်လီ

အမျိုးသမီးရောဂါဖြစ်လို့ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတယ်ဆိုတဲ့ ဟေမာမန်းဝင်း

 

ဟေမာမန်းဝင်းလို့ ဆိုလိုက်တာနဲ့ ချစ်စရာကောင်းပြီး ဟာသဉာဏ်ရွှင်တဲ့ သရုပ်ဆောင်တစ်ယောက်ကို မြင်ယောင်မိကြမယ်ထင်ပါတယ်။ ဟေမာမန်းဝင်းဟာ သူမရဲ့ အနုပညာသက်တမ်းလျှောက်မှာ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ဖန်တီးပေးခဲ့ပေမယ့် သူမရဲ့အပြင်လက်တွေ့က ဘဝကတော့ ထင်သလောက် ချောမွေ့မလွယ်ကူတာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ ဟေမာမန်းဝင်းဟာ အနုပညာအလုပ်တွေအပြင် အွန်လိုင်းကနေ အဝတ်အထည်တွေရောင်းချနေရင်း သမာအာဇီဝကျကျ စီးပွားရှာနေတာပဲဖြစ်ပါတယ်။အလုပ်တွေကို ကြိုးစားပြီးလုပ်ကိုင်နေတဲ့ ဟေမာမန်းဝင်းဟာ လက်ရှိမှာတော့ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သူမရဲ့ညီမ ကြည်ဖြူမန်းဝင်းက အသိပေးလာပါတယ်။ “မမ အမျိုးသမီးရောဂါ ဖြစ်ပြီး ကိုက်လို့ နေလ ဆေးရုံ မှာ ရက်အနည်းငယ် တက်ရပါမယ်။ အထည် ကိစ္စလေးများ deli အပ်ပြီးသားအထုပ်မှလွဲ၍ ကျန်ဝယ်သူများ ခနစောင့်ပေးပါလို့ မေတ္တာ ရပ်ခံပါတယ် နော် 🙏🙏🙏” ဆိုပြီး ကြည်ဖြူမန်းဝင်းက အသိပေးလာတာပဲ ဖြစ်ပါတယ်။ဟေမာမန်းဝင်းကတော့ အရင်ကတည်းက ကျန်းမာရေးမကောင်းသူဖြစ်ပြီး အခုတစ်ခါမှာလည်း အမျိုးသမီးရောဂါကြောင့် ဆေးရုံမှာ ရက်အနည်းငယ်တက်ရောက်ပြီး ဆေးကုရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဟေမာမန်းဝင်းတစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာဖို့ ဆုတောင်းပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *