မြန်မာဆယ်လီ

အပြုံးပန်းတွေဝေဆာပြီး ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ပြည်သူ့သူရဲကောင်းမလေး ပိုပို

အဆိုတော် ပိုပိုကတော့ သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုတတ်သူတစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ ပိုပိုဟာ အနုပညာမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပြီး အမှန်တရားကိုလည်း ရဲရဲဝံ့ဝံ့ရပ်တည်ရဲတာကြောင့် ပရိသတ်တွေက သူရဲကောင်းမလေးဆိုပြီး ခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ်။ ပိုပိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်ကတည်းက နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးအကျဉ်းချခံခဲ့ရပြီး ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။မနေ့က အောက်တိုဘာလ (၂၈) ရက်နေ့မှာတော့ ပိုပိုဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုပိုက သူမကိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက် သူမရဲ့လက်ရှိပုံလေးကို မျှဝေကာ “အိမ်ကို လာချစ်ခြင်းတွေ ပေးသောတူ တူမလေးတွေ နဲ့ 👩‍👧‍👦 အားလုံးရဲ့ ချစ်ခြင်းမေတ္တာများကြောင့်အိမ်ကို ပြန်ရောက်ပါပြီရှင် လွမ်းနေခဲ့ပါတယ် 🥲🥰” ဆိုပြီး ပရိသတ်တွေကို လွမ်းနေတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ပိုပိုကတော့ အပြုံးပန်းတွေဝေဆာပြီး ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အများကြီးပင်ပန်းခဲ့ရတဲ့ ပိုပိုတစ်ယောက် ကောင်းကောင်းအနားယူပြီး ပျော်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *