Cele News မြန်မာဆယ်လီ

မွေးနေ့လေးမှာ မိခင်ဖြစ်သူကို စိန်နားကပ်ကြီး နဲ့ ကန်တော့ခဲ့တဲ့ သရုပ်ဆောင်ဆုပန်ထွာ

မွေးနေ့လေးမှာ မိခင်ဖြစ်သူကို စိန်နားကပ်ကြီး နဲ့ ကန်တော့ခဲ့တဲ့ သရုပ်ဆောင်ဆုပန်ထွာ

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်ဆုပန်ထွာကမွေးနေ့လေးမှာမိခင်ဖြစ်သူကိုစိန်နားကပ်ကြီးနဲ့ကန်တော့ခဲ့တဲ့အကြောင်းကိုအခုလိုပြောပြထားပါတယ်နော်။

သရုပ်ဆောင်ဆုပန်ထွာက 21.10.2022 (မွေးနေ့)၊အိမ်မှာ မွေးနေ့ရက်ကလေး “သိုက်ဘုရား ၉ဆူ” ပင့်ဆောင်ပူဇော်ရင်း အေးချမ်းပီတိဖြစ်ရတဲ့ကုသိုလ်စိတ်လေးနဲ့ ဖြတ်သန်းဖြစ်ခဲ့ပါတယ်၊ကိုယ့်ကိုမွေးဖွားပေးခဲ့တဲ့ ဖေဖေနဲ့မေမေ့အပေါ်ကိုလည်း ကာယကံ၊ဝစီကံ၊မနောကံတွေနဲ့ပစ်မှားမိခဲ့တာများရှိရင် ခွင့်လွှတ်ပေးဖို့ ဝန်ချတောင်းပန်ရင်း ကိုယ့်ချွေးနဲစာလေးထဲက မေမေ့ကို စိန်နားကပ်လေးတစ်ရံနဲ့ ကန်တော့ခွင့်ရခဲ့ပါတယ်။

ဓမ္မဒါနအဖြစ် ပါဠိ၊မြန်မာအသံထွက် “မဟာသမယသုတ်” အိတ်ဆောင်လေးတွေကို မွေးနေ့ကုသိုလ်အဖြစ် ဘုရားလာဖူးတဲ့သူတွေကို လှူဖြစ်ခဲ့ပါတယ်၊ကုသိုလ်ထပ်တူရကြပါစေရှင်ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Zawgyi Vision






Leave a Reply

Your email address will not be published. Required fields are marked *