မြန်မာဆယ်လီ

အရုပ်မများကို ရွှေတိဂုံဘုရားတွင် ဘုရားပွဲပေးပြီး ထိုင်ကန်တော့ခိုင်းတဲ့ ဘိုးတော် အင်းဝိဇ္ဇာဓိုရ် ဆိုသူ အမှုဖွင့်အရေးယူခံရ

အင်းဝိဇ္ဇာဓိုရ် ဆိုသူက တစ်ရုပ်လျှင် အမေရိကန်ဒေါ်လာ ၂၄၀၀ တန် ဖြေဖျော်ရေးအရုပ် ၂ ရုပ်ကို မြန်မာအဝတ်အစားများ ဝတ်ဆင်ပေးပြီး အရိယာ သောတာပန် သူရဿတီ မယ်တော်ကြီး နှင့် သီရိဒေဝီ မယ် တော်ကြီးအမည်တပ်၍ ကားဖြင့်ပင့်ဆောင်ပြီး ရွှေတိဂုံစေတီကားပါကင်တွင် ရင်ငွေ့လှုံ အသက်သွင်းသည်ဟုဆိုကာ လူအများကို ကန့်တော့ခိုင်းခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ထိုကဲ့သို့ ဖြေဖျော်ရေးအရုပ်များကို မယ်တော်ကြီးဟု အမည်တပ်၍ ကန် တော့ခံနေမှုသည် သာသနာညိုးနွမ်းစေသည့်အပြင်အများအမြင်လည်း မတင့် တယ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ မြန်မာများအတွက် ရယ်စရာဟာသတစ်ခုအဖြစ် လည်းကောင်းဝေဖန်မှုများစွာ လူမှုကွန်ရက်တွင် တဟုန်ထိုးမြင့်တက်လျက် ရှိသည်ကို မြင်တွေ့ရသည်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *