FootBall

ရန်ကုန်မြို့ရဲ့ နာမည်ကြီးထမင်းပေါင်းဆိုင်တွေထဲကတစ်ခုဖြစ်တဲ့ ဒဂုံအေးမေ့မရထမင်းပေါင်း

ဒီဆိုင်လေးကိုတော့ ၁၉၇၈ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဘိုး၊ အဖေတွေလက်ထက်ကတည်းက ဗဟိုလေဟာပြင်ဈေးမှာ စတင်ခဲ့တာပါလို့ လက်ရှိဆိုင်ကို ဦးစီးနေသူ မခင်က ပြောပါတယ်။

“ ထမင်းပေါင်းကို အဓိကထားရောင်းတယ်။ အဘိုးတို့၊ အဖေတို့ ခေတ်တုန်းကဆိုရင် ဗဟိုလေဟာပြင်ဈေးထဲမှာ ထမင်းပေါင်းဆိုင်တွေ အများကြီး ၊ ဟိုဘက် ဒီဘက် အပြိုင်ရောင်းကြတာ အမှတ်တရပေါ့နော်။ အဲဒီနောက် မင်္ဂလာဈေးမှာလည်း ရောင်းတယ်။ ဆိပ်ကမ်းသာလမ်း အောက်ဘလောက်မှာလည်း ဖွင့်သေးတယ်။ အဲ့မှာက (၁၈) နှစ် (၂၀) နှစ်လောက်ကြာသွားတယ်။ အခုတော့ ၃၉ လမ်း အောက်ဘလောက်ကို ပြောင်းခဲ့တာ ၃ နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ ” လို့ဆိုပါတယ်။ဆိုင်လေးစဖွင့်ကာစ လွန်ခဲ့တဲ့ (၄၂) နှစ်ဝန်းကျင်က ထမင်းပေါင်းတစ်ပွဲကို ၂ ကျပ်ခွဲနဲ့ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တစ်ပွဲကို ၈၀၀ ကျပ်၊ ၁၂၀၀ ကျပ်နဲ့ အခုတော့ ကုန်ဈေးနှုန်းတွေအရ ဆိုင်စား ၂၅၀၀ ကျပ်၊ ပါဆယ် ၃၀၀၀ ကျပ်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ဆိုင်လိပ်စာကတော့ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း ၊ မဟာဗန္ဒုလလမ်းနဲ့ ကုန်သည်လမ်းထောင့် မှာဖြစ်ပြီး မနက် (၉) နာရီလောက်ကနေ ညနေ (၅) နာရီလောက်ထိ ဖွင့်လှစ်ထားပါတယ်။ ဒါကြောင့်မို့ ထမင်းပေါင်းအရသာမြည်းစမ်းချင်သူတွေအနေနဲ့ မြို့ထဲဘက်ရောက်တဲ့အခါ တစ်ခါလောက်တော့ လာရောက်စားကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *