မြန်မာဆယ်လီ

ဘယ်သူမှမသိသေးတဲ့ နောက်ကွယ်မှာ ကြုံတွေ့နေရတဲ့ ဘ၀အခက်အခဲတွေကို ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြူကြူသင်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်ဇာတ်ပို့သရုပ်ဆောင်ကြူကြူသင်းကဘယ်သူမှမသိသေးတဲ့နောက်ကွယ်မှာကြုံတွေ့နေရတဲ့ဘ၀အခက်အခဲတွေကိုအခုလိုဝမ်းနည်းစွာရင်ဖွင့်လာခဲ့ပါတယ်နော်။ဇာတ်ပို့သရုပ်ဆောင်ကြူကြူသင်းကကျမတို့ ရုပ်ရှင်သရုပ်ဆောင်တွေအကြောင်း၊အဓိကကတော့ကျမအကြောင်းပေါ့၊ရုပ်ရှင်လောကမှာအနှစ်သုံးဆယ်ကျော်အလုပ်လုပ်လာတဲ့ကျမ အိမ်တလုံးတောင်မပိုင်ပါဘူး၊ အရင်ကမိဘပိုင်ဆိုင်တဲ့အိမ်ကြီးမှာ ညီကိုယ်မောင်နှမသိပ်ခင်တဲ့ကျမအမေဟာ သူတို့တသက်အိမ်မဝယ် အိမ်ဝယ်ဘို့လဲတိုက်တွန်းလို့မရနဲ့ အမျိုးတွေနဲ့ အိမ်ကြီးမှာပျော်ပျော်ကြီးနေကြတယ်၊သမီးဖြစ်သူရဲ့ရှေ့ရေး မတွေးတာလား။ တသက်လုံးဒီအိမ်မှာဘဲတည်ရှိမှာဘဲအတွေးနဲ့ပေါ့၊အသက်တွေကြီးလာလို့ သမီးဖြစ်တဲ့ကျမကိုခွဲသွားပြီးချိန်လဲကြရော ကျန်ညီကိုယ်မောင်နှမတွေအမွေခွဲတဲ့အချိန် အိမ်ဝယ်ဘို့တောင်မမှီတဲ့ငွေလေးနဲ့ ကျမအိမ်ငုားဘဝရောက်တော့တာဘဲ၊အများမြင်မှာ ရုပ်ရှင်တွေရိုက်ငွေတွေထောနေမှာဘဲလို အများကမြင်ကြတယ်၊ကျမတယောက်ထဲရပ်တည်ရတဲ့ဘဝမှာ အိမ်လခ မီးဘိုး ရေဘိုး တိုက်ခန်းနေသူတွေသာသိတာ။သောက်ရေကအစဝယ်သောက်ရတဲ့ခေတ် ရုပ်ရှင်တွေရိုက်ရတလှဲ့ မရိုက်ရတလှဲ့နဲ့ကိုယ့်အခြေလေးရိုင်နေတာ လူမသိအောင်ရပ်တည်နေခဲ့တာ၊ ကားရိုက်ကြဲလာလေ စိတ်အတွေးတွေလေလေပါဘဲ… နောက်ကြတော့အသက်ရွယ်ရရော ကားရိုက်တွေရပ်တန်သွားတဲ့အခါ အပူဘယ်သူကယ်မလဲမတွေးဘဲ ဘဝရပ်တည်ဖို့ အတွက်စျေးရောင်းခဲ့တယ်၊အတော်သင့်လေးရောင်းရယုံရှိသေးတဲ့အချိန် ခုလိုကပ်ဆိုးကြောင့် လုံးဝရပ်တော့တာဘဲ။အဲ့အခါ ပေါင်းနေတဲ့အသိမိတ်ဆွေတွေက ကူညီဖေးမ ပေးကမ်းထောက်ပံ့ကြနဲ့ ဝမ်းရေးတခုကိုမဆင်ပြေခဲ့တာပါ၊ကျမထောက်ပံ့မှုတခုရတိုင်း ကိုယ့်စိတ်ကိုယ်မလုံဘူးဘ တိုက်ခန်းနဲ့နေတဲ့ကျမတို့က ယူတယ် ထောက်ပံ့တာကိုစားတယ်ဆိုတဲ့ အတွေးတွေတွေးကြတဲ့သူတွေရှိကြပါတယ်၊ရွှေကြောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဖြစ်နေတဲ့ ကျမတို့ယူရတာပါဘ စာနာစိတ်နဲ့ပေးကမ်းကြတဲ့သူတွေကိုလဲ ဘုရားရှစ်ခိုးတိုင်းဆုတောင်းမေတ္တာပို့ပါတယ်၊ကျမလဲတချိန်ချိန်မှာပေးကမ်းနိုင်တဲလူဖြစ်ချင်ပါတယ်ဆိုပြီးပြောပြလာခဲ့ပါတယ်၊

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *