မြန်မာဆယ်လီ

အိမ်လခလေးရရှိနိုင်ဖို ကျောင်းဆင်းတာနဲ့ စက်ဘီးလေးစီးပြီး ရေခဲချောင်းလိုက်ရောင်းနေတဲ့ ၅တန်းကျောင်းသားလေး

မိဘများအပေါ်တွင် သိတတ်လိမ္မာသောသားသမီးတို့သည် မည်သည့်အချိန်အခါမှ ဆင်းရဲခြင်းကို ကြုံတွေ့လိုက်ရမည်မဟုတ်ပေ။ယခုတွင်လည်း ထိုင်းနိုင်ငံ Nakhon Ratchasimaခရိုင်တွင်နေထိုင်သော အသက်၁၀နှစ်အရွယ် ၅တန်းကျောင်းသားလေးသည် လူအများကပင် လေးစားရသော စံပြတစ်ဦးပင်ဖြစ်နေခဲ့ပါတယ်။Nong Phumဟုအမည်ရသည့်ကလေးဟာ မိခင်၊ပထွေးနှင့် ညီမလေးတစ်ယောက်ရှိပြီး အိမ်ငှားနေထိုင်ကြတာဖြစ်ပါတယ်။ မိဘတို့ကလည်း ရေခဲချောင်းရောင်းချပြီး အသက်မွေးသူတွေဖြစ်ကြပါတယ်။ကောင်လေးဟာလည်း အိမ်ငှားခလေးရရှိစေရန်အတွက် ကျောင်းဆင်းသည်နှင့် ဆော့ကစားခြင်းမရှိဘဲ စက်ဘီးတစ်စီးဖြင့် ရေခဲချောင်းလိုက်ရောင်းကာ ဝင်ငွေရှာပေးနေခဲ့ပါတယ်။အရွယ်နှင့်မလိုက်သော သိတတ်မှုဟာ လူတိုင်းအတွက်အတုယူလေးစားဖွယ်ရာ ကောင်းလှပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *