FootBall

အင်ဖက်လေးနဲ့ထုပ်ရောင်းတဲ့ သာကေတ (၅) ဈေးအနီးကအင်းမသူ(ပြည်ထမင်းသုပ်)ဆိုင်

ဒီဆိုင်လေးကို ပထမကိုဗစ်လှိုင်းကတည်းက စတင်ဖွင့်လှစ်လာတာ အခုဆို (၃) နှစ်နီးပါးရှိနေပါပြီ။ အင်းမမြို့ ဇာတိဖြစ်တဲ့ မခင်ဌေးဦးက ပြည်၊ အင်းမ အစားအစာတွေကို ရန်ကုန်မှာ ရောင်းချင်တဲ့ ဆန္ဒနဲ့ ဒီဆိုင်လေးကို ဖွင့်လှစ်ခဲ့တာပါ။ အစ်မက အစက စာရင်းအင်းလုပ်တယ်။ ပထမကိုဗစ်ဖြစ်တော့ အလုပ်ကသွားရတာ ဝေးတော့ အလုပ်က ထွက်ပြီး ကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုပြီး စခဲ့တယ်။ အစ်မကလည်း အင်းမ၊ ပြည် ဇာတိဖြစ်တော့ ကိုယ့်ဒေသအစားအစာလေးကို ရောင်းဖြစ်တာပါ ” လို့ ဆိုင်ရှင် မခင်ဌေးဦးက ဆိုပါတယ်။ ဒီဆိုင်လေးရဲ့ ထူးခြားချက်တွေက အစားအစာတွေကို အင်ဖက်လေးနဲ့ ထုပ်တာပါ။ ရန်ကုန်မှာ ပြည်အစားအစာတွေရောင်းချတဲ့ဆိုင်ရှိပေမယ့်လည်း အင်ဖက်နဲ့ ထုပ်ရောင်းတာမျိုးမရှိတာကြောင့် ထူးထူးခြားခြားလေးဖြစ်အောင် အင်ဖက်လေးနဲ့ ထုပ်ရောင်းတာလို့ ဆိုပါတယ်။ဒီဆိုင် မှာ ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်၊ တို့ဟူးသုပ်၊ ပြည်ပလာတာ၊ နန်းကြီးသုပ်၊ ပြည်ထမင်းသုပ်တို့ ရနိုင်ပြီး ဈေးနှုန်းတွေကတော့ အနည်းဆုံး (၇၀၀) ကျပ်ကနေ အများဆုံး (၁၅၀၀) ကျပ်ထိပဲရှိပါတယ်။ လိပ်စာလေးကတော့ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမပေါ် ၊ အမှတ် (၅) ဈေးရှေ့ ၊ ၅ ကွေ့မှတ်တိုင် တည့်တည့်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်လက်ရာကောင်းကောင်းကို ဈေးတန်တန်လေးနဲ့စားချင်သူတွေအတွက် အင်းမသူ ပြည်လက်ရာဆိုင်လေးကို လာစားကြည့်သင့်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *