မြန်မာဆယ်လီ

တော်လှန်ရေးနယ်မြေမှာပဲ ချစ်ရသူနဲ့ သက်ဆုံးတိုင်ပေါင်းဖက်နိုင်ဖို့ မင်္ဂလာပွဲလေးဆင်နွှဲခဲ့ပြီဖြစ်တဲ့ လူရွှင်တော် တိုင်းကျော်

ဟားငါးကောင်အဖွဲ့ကတော့ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူတွေရှိရာဘက်ကို မျက်နှာမူပြီး မတရားမှုကို ဆန့်ကျင်တော်လှန်ဖို့ တောခိုခဲ့တဲ့ လူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ဝင်ထဲက တိုင်းကျော်ဟာလည်း တော်လှန်ရေးအတွက် ရဲရဲတောက်စိတ်ထားနဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း စစ်အာဏာရှင်တော်လှန်ဖို့ တော်လှန်ရေးနယ်မြေမှာ နေထိုင်နေလျက်ရှိတဲ့ တိုင်းကျော်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့ဝမ်းသာစရာသတင်းကောင်းကို ပရိသတ်တွေဆီ ဝေမျှလာခဲ့ပါတယ်။      ဟားငါးကောင်အဖွဲ့က လူရွှင်တော်တိုင်းကျော်ဟာ ဒီကနေ့ အောက်တိုဘာလ (၁၇)ရက်နေ့မှာ သူ့ရဲ့ချစ်သူမိန်းကလေးနဲ့ KNU ကော်သူးလေနယ်မြေမှာ လက်ထပ်ပွဲလေး အကျဉ်းရုံးစီစဉ်ကျင်းပခဲ့ပါတယ်။ တိုင်းကျော်က “တော်လှန်ရေးနယ်မြေမှာသူမကို ကျနော် တစ်ဘဝလုံးပေးအပ်လိုက်ပြီ” ဆိုပြီး သူ့ရဲ့ အပျော်တွေကို မျှဝေပေးလာခဲ့ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *