မြန်မာဆယ်လီ

တောထဲမှာနေရင်း သွေးအဆိပ်ဖြစ်လို့ ဆေးရုံတက်ဆေးကုသမှုခံယူခဲ့ရတဲ့ဆိုတဲ့ ပြည်သူချစ်လူရွှင်တော် စိန်သီး

နိုင်ငံကျော်ဟာသလူရွှင်တော်အဖွဲ့ဖြစ်တဲ့ သီးလေးသီးအဖွဲ့ကတော့ စိန်သီး၊ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးစတဲ့ လူရွှင်တော်လေးယောက်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ သီးလေးသီးညီအစ်ကိုတွေဟာ လူရွှင်တော်တွေအဖြစ် စတိတ်စင်ပေါ်မှာ ပြက်လုံးတွေထုတ်ခဲ့ကြသလို ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာလည်း ဟာသသရုပ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကာ ပရိသတ်အားပေးမှုကိုရရှိထားတာပဲဖြစ်ပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်ဖို့ တောထဲမှာခိုလှုံနေတဲ့ စိန်သီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ ပြောလာပါတယ်။    စိန်သီးက “၁၁.၁၀.၂၀၂၂ ရက်နေ့က သွေးအဆိပ်ဖြစ်လို့ ဆေးရုံတတ်လိုက်ရတယ် အခုတော့သက်သာပါပြီ။

အခုလိုမျိုးတော်လှန်ရေးကာလကြီးမှာ ကျန်းမာရေးမကောင်းဖြစ်နေတာ ကိုယ့်ကိုကိုယ်လဲအားမရဘူး စိတ်တိုင်းလဲမကျဘူး။ မြန်မြန်လဲနေကောင်းကျန်းမာချင်နေပါပြီ မိသားစု ဘေးနားမှာရှိနေတော့ အားရှိပါတယ် ရောဂါ တစ်ဝတ်သက်သားတာပေါ့။

အားတင်းထားတယ် အခုသက်သာနေပါပြီ …..” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။စိန်သီးကတော့ အရင်ကတည်းကကျန်းမာရေးမကောင်းသူတစ်ယောက်ဖြစ်ပြီး တောထဲရောက်ရှိချိန်မှာလည်း ကျန်းမာရေးဟာမကောင်းပြီး အခုဆိုရင် ဆေးရုံတက်ဆေးကုသမှုခံယူနေရတာပဲဖြစ်ပါတယ်။ စိန်သီးတစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *