မြန်မာဆယ်လီ

ယောင်္ကျားဖြစ်သူရဲ့ ရိုက်နှက်ထိုးကြိတ် မူတွေကြောင့် အိမ်ထောင်ကွဲတော့မယ်ဆိုပြီး ပရိတ်သတ်တွေကို အသိပေးလာတဲ့ အဆိုတော်ခင်ရတနာစိုး

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်အဆိုတော်ခင်ရတနာစိုးကယောင်္ကျားဖြစ်သူရဲ့ ရိုက်နှက်ထိုးကြိတ် မူတွေကြောင့် အိမ်ထောင်ကွဲတော့မယ်ဆိုပြီး ပရိတ်သတ်တွေကိုအခုလို အသိပေးလာတဲ့ လာခဲ့ပါတယ်နော်။ပုတီးစိပ်နေရင်းအမေ့ဆီကဖုန်းလာတဲ့အတွက်ညီမစိတ်မကောင်းလို့ စာလေးတင်လိုက်ပါတယ်၊ညီမmyanmar idol ပြိုင်တုန်းကကော၊ the voice myanmar ပြိုင်တုန်းကကော၊အိမ်ထောင်ရှိပါတယ်၊ အမျိုးသားပါပါတယ်ဆိုတာအလကားပြောခဲ့တာမဟုတ်ပါဘူး၊ညီမအိမ်ထောင်ရေးတစ်သက်လုံးမြဲချင်လို့ သူနဲ့ပဲရိုးမြေကျပေါင်းချင်လို့ကိုပြောခဲ့တာပါ၊ဒါပေမယ့် စညားပြီး ၅လဝန်းကျင်ထဲကပြဿနာကြီးကြီးမားမားမရှိ ညီမဘက်ကဆဲဆိုခြင်းမရှိပဲ၊ ဆိုင်ကယ်ပေါ်ဘက်ထရီအိုးတင်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးသူကညီမကိုပါးစရိုက်ပါတယ်။ပြီးတော့မကြာဘူး အသိအကိုတစ်ယောက်ပါပါတယ်၊ညီမလက်ရှိနေနေတဲ့ဒရယ်မီးရပ်ကွက်၊ကွမ်းယာဆိုင်ရှေ့မှာရယ်မောနေရာကနေသူ့ကျောကုန်းကိုစနောက်ပြီးလက်ဝါးလေးနဲ့ရိုက်ပြီးရယ်တာကိုလူကြားထဲမှာညီမကိုပစ်လဲသွား တဲ့အထိထိုးပါတယ်၊ဒါကိုလိမ်ပြောတယ်ထင်ရင်သက်သေတွေရှိပါတယ်၊အဲ့နောက်ပိုင်းရန်ဖြစ်တိုင်းလက်ပါခဲ့တာ အခါပေါင်းမနည်းခဲ့ပါ။၂၀၂၀ ညီမရန်ကုန်မှာlive saleလုပ်တုန်းကလည်း We love ကိစ္စနဲ့ ညီမစိတ်တိုနေတာကို ညီမဒေါသကိုမဆိုင်ပဲသူလာဆွပြီး ညီမပြန်ပြောတော့ ညီမကိုထိုးခဲ့ပါတယ်၊ညီမမိတ်ကပ်ဆရာရှေ့တင်ပါ၊ Live saleတွေလုပ်ခဲ့တုန်းကလက်မောင်းဒဏ်ရာကြီးကို တစ်ချို့တွေကကဲ့ရဲ့တယ်၊ ရွံကြတယ်၊ တစ်ချို့ကြတော့ဘာဖြစ်လည်းမေးကြတယ်၊ဖြေပါ့မယ်။ ကုက္ကိုင်းကျေးရွာ သို့ကုက္ကိုလ်ကျေးရွာမှာ ဖုန်းဘေတစ်ထောင်ကိစ္စနဲ့ ညီမဘက်က ဆဲဆိုခြင်းတစ်လုံးမရှိတာတောင်ဖုန်းနဲ့ကောက်ပေ့ါက်တာ ရှောင်လိုက်လို့ဘာမှမဖြစ်ပေမယ့်ဖုန်းကအစိတ်စိတ်အမွှာမွှာကွဲသွားပါတယ်၊ ပြီးတော့ လက်သီးနဲ့၄ချက်၊ ပါးကို၅ချက်၊ ဆိုင်ကယ်ကျွတ်ပတ်ထားတဲ့သစ်သားတုတ်နဲ့၄ချက်ရိုက်ပြီးတဲ့အခါမှာ ဖန်ခွက်နဲ့ကောက်ပေါက်လို့လက်မောင်းကအရိုးပေါ်တဲ့အထိဖြစ်ပြီး ဒဏ်ရာက၄လကျော်မှပျောက်ခဲ့တာပါ၊ဒါတွေကညီမနာမည်မရခင်ထဲက လုပ်ခဲ့တာပါ။ပြီးတော့မန်းလေးကိုရိုက်ကူးရေးလုပ်ဖို့သွားနေတုန်းမိတ်ကပ်ဆရာအကြိုအပို့အတွက်ငြင်းပွါးရာကနေပြီးတော့လည်း ညီမကိုဓားနဲ့ခုတ်ဖို့ရွယ်တာပါ အမေကိုယ်တိုင်ကြားထဲကဝင်ခံလို့မခုတ်မိတာပါ၊ ပြီးတော့ ဒီနှစ်၄လပိုင်းတုန်းကလည်း ညီမကိုအခန်းတံခါးပိတ်ပြီး တံခါးကသွပ်တွေပွင့်ထွက်တဲ့အထိ ရိုက်ခဲ့တာပါ၊ဒီဖြစ်စဉ်ကတော့ ညီမဆိုင်းအဖွဲ့သားအကုန်လုံးနဲ့ရပ်ကွက်ကလူတွေသက်သောရှိပါတယ်။သူကပြောပါတယ် ဆဲတာမခံနိုင်လို့တဲ့၊ ညားပြီး ၃နှစ်ကျော်အထိညီမကဆဲရေးတိုင်းထွာပြီးလူကြားထဲအော်ဟစ်သောင်းကျန်းခြင်းမရှိခဲ့ပါ၊နှုတ်ချိုသာထဲကရိုက်ခဲ့တဲ့သူ့ကို ညီမသူ့ကိုရွံလို့ဆဲတာ မလွန်ဘူးထင်မိပါတယ်၊ ဆဲလို့ရိုက်တာဆိုတော့လူကြားထဲလည်းမဆဲခဲ့ပါ၊ ကိုယ့်ဘက်ကအပြစ်မရှိတာတောင်ရိုက်ခဲ့ပြီးတော့မှ ညီမကသူညီမစကားနားမထောင်လို့၊ ညီမနေမကောင်းချိန် ညီမအနားမရှိလို့ ဖုန်းခေါ်လည်း၁၀ခါမကခေါ်တာတောင်မကိုင်လို့ဆဲခဲ့တာပါ။အမှန်ဆို လက်ကိုအရိုးပေါ်အောက်လုပ်ကထဲကကွာရမှာပါ၊ ညီမသူနဲ့မခွဲနိုင်လို့ဇွတ်မှိတ်ပြီးပေါင်းခဲ့တာပါ၊ Live လွှင့်ပြီးပြောမှစုံတော့မယ့်ကိစ္စပါ၊ ဒါပေမယ့် ညီမမလွှင့်ပါဘူးရှင့်၊ ပြီးခဲ့တဲ့၁၀လပိုင်း ၄ရက်နေ့က တရားရုံးမှ ညီမကွာလိုမှုလျှောက်ထားပါတယ်၊ အခုpostကလည်းညီမရဲ့အမေက ညီမသူ့ကိုကွာဖို့ကို ခုထိနားမလည်းသေးပဲ ပေါင်းခိုင်းနေလို့ပါ၊ရိုက်ခဲ့တာတွေကလည်း အမေ့ရှေ့တင်ရိုက်ခဲ့တာတွေချည်းပါ။စီးပွါးရေးနဲ့ပတ်သတ်ပြီးတော့လည်း ညီမဘက်ကသူ့ကိုပင်ပင်ပန်းပန်းဘာမှမခိုင်းပဲ သူစက်ဖွင့်တဲ့အလုပ်ကလွဲရင်ကျန်တာကိုညီမတာဝန်ယူထားတာပါ၊ အမေနားလည်ပေးနိုင်စေချင်ပါတယ်၊ သူနဲ့ကွဲပြီးလို့လည်း သူနဲ့ပတ်သတ်ခဲ့သမျှညီမအကုန်ကောင်းခဲတာမို့ ညီမလိပ်ပြာညီမလုံပြီးသားပါ၊

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *