Cele News မြန်မာဆယ်လီ

အကယ်ဒမီပေးပွဲသို့ အိမ်နေရင်း အဝတ်အစား၊ခုံဖိနပ်စီးပြီး ဆုတက်ယူခဲ့တဲ့ တစ်ချိန်ကအောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးကြီးမေမြတ်မွန်

အကယ်ဒမီပေးပွဲသို့ အိမ်နေရင်း အဝတ်အစား၊ခုံဖိနပ်စီးပြီး ဆုတက်ယူခဲ့တဲ့ တစ်ချိန်ကအောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးကြီးမေမြတ်မွန်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်မင်းသမီးကြီးမေမြတ်မွန်ကအကယ်ဒမီပေးပွဲသို့အိမ်နေရင်း အဝတ်အစား၊ခုံဖိနပ်စီးပြီးဆုတက်ယူခဲ့တဲ့အကြောင်းကိုအခုလိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

မင်းသမီးမြတ်မွန်ကိုငယ်ငယ်ထဲကကြားဖူးတယ်၊သူနာမည်အရမ်းကြီးစဉ်ကျွန်တော်တို့ငချွတ်ပဲရှိသေးတော့မမှီလိုက်ဖူး၊သူ့အကယ်ဒမီဆုတောင် ကိုယ့်ထက်နှစ်နှစ်ကြီးသေးတယ်၊မြန်မာ့ရုပ်ရှင် မင်းသားမင်းသမီးတွေနဲ့ပတ်သက်ရင်လူကြီးတွေဆီကမကြာခဏကြားဖူးနေတာကမြတ်မွန်ချောချောနုနုလေးကိုဒါရိုက်တာသာဓုကြီးကကောက်ယူပစ်လိုက်တာ၊သာဓုဆိုတာမောင်ဝဏ္ဏတို့၊သုမောင်တို့ အဖေလေအဖိုးကြီး။

အခုခေတ်ဖေ့စဘွတ်ကျေးဇူးကြောင့်အရမ်းလှတာပဲလို့ငယ်စဉ်ကမကြာခဏကြားဖူးခဲ့တဲ့မင်းသမီးမြတ်မွန်ရဲ့အလှကိုမြင်တွေ့ခဲ့ရပါတယ်၊မင်းသမီးချောခင်သန်းနု၊တင်တင်ညိုတို့လိုမြန်မာမင်းသမီးချောချောတာမျိုးမဟုတ်ပဲမြတ်မွန်ရဲ့အလှကကိုးရီးယားမင်းသမီးတယောက်လိုချောတာလို့မြင်မိပါတယ်။

၁၉၅၉ခုနှစ်အကယ်ဒမီဆုချီးမြှင့်ပွဲမှာ ကကြီးရေက ရုပ်ရှင်နဲ့အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်အကယ်ဒမီဆုရရှိခဲ့တယ်၊မြန်မာ့အသံမြက်ခင်းပြင်မှာလုပ်တဲ့အကယ်ဒမီဆုနှင်းသဘင်မှာတက်ရောက်ဆုယူခဲ့တဲ့မင်းသမီးချောမြတ်မွန်ရဲ့ဝတ်စားဆင်ယင်မှုဟာခေတ်ရှေ့နှစ်ငါးဆယ်လောက်ပြေးနေပါတယ်၊ ကကြီး​ရေက ရုပ်ရှင်ထဲကလိုဝတ်စားလာဖို့သာဓုက ညွှန်ကြားလို့ဝတ်လာရတာလို့ဖတ်ဖူးပါတယ်။

၁၉၅၈ခုနှစ်ဒါရိုက်တာသာဓုရိုက်ကူးတဲ့ ကကြီးရေက ဇာတ်ကားရိုက်ချိန်ကမြတ်မွန်အသက်၁၆နှစ်ပဲရှိသေးပြီးမင်းသားထွန်းဝေနဲ့တွဲဘက်သရုပ်ဆောင်ခဲ့ပါတယ်၊မင်းသမီးမြတ်မွန်ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားပေါင်းနှစ်ဆယ်ရှိပြီး ဖတ်စကလပ် (First Class)၊ ဇာခန်းဆီးနောက်ကွယ်မှာ နှင့် ၁၉၇၀ ခုနှစ်ထွက်ရှိတဲ့ ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း ရုပ်ရှင်ကားများ၊အောင်မြင်လူကြိုက်များခဲ့တယ်။

နောက်ဆုံးရိုက်ကူးထားတဲ့ကားက ၂၀၁၉ ခုနှစ်မှာထွက်တဲ့ ဒါရိုက်တာ လူမင်း ရိုက်ကူးတဲ့ နို့ဘီလူး ကားမှာ ပါဝင် သရုပ်ထားပါတယ်၊ မင်းသမီးချော မြတ်မွန်ဟာ ရုပ်ရှင်ဒါရိုက်တာသာဓုနှင့် အိမ်ထောင်ကျခဲ့ပြီး တဦးတည်းသောသား အာယု (မေဆွိ နာမည်ကျော် မောင် သီချင်းတေးရေးဆရာ) ရရှိပြီးမြတ်မွန်တို့ လင်မယား ကွာရှင်းခဲ့တယ်။

မင်းသမီးမြတ်မွန်ဟာ အကော်ဒီယံအုန်းကျော်နဲ့ အိမ်ထောင်သစ် ထူထောင်ခဲ့ပြီး သားသမီးနှစ်ယောက် ရရှိခဲ့တယ်။သမီးသက်ငုံဖူးနဲ့သားဇာနည်ပါ၊မင်းသမိးချောမြတ်မွန်ဟာ အောင်မြင်မှုရနေတဲ့ အသက် ၃၂ နှစ် ရုပ်ရှင်လောကမှ အနားယူခဲ့ပါတယ်၊ရုပ်ရှင်မင်းသမီးချော မြတ်မွန်ကို ၁၉၄၂ ခုနှစ် မွေးဖွားခဲ့လို့အခုအသက် ၈၀ ထဲဝင်နေပါပြီ။ ရုပ်ရှင်မင်းသမီးကြီး (ဒေါ်) မြတ်မွန်ဟာ မိသားစုနဲ့ ကျမ်းမာစွာ နေထိုင်လျက်ရှိပါတယ်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Leave a Reply

Your email address will not be published. Required fields are marked *