မြန်မာဆယ်လီ

အမေရိကန်နိုင်ငံရှိ အဆိုတော်မာမာအေးကို သီတင်းကျွတ်ဂါရဝပြုကန်တော့ခဲ့တဲ့ မေဝင်းမောင်၊ ကျော်သီဟနဲ့ အနုပညာရှင်များ

တချိန်က လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားခဲ့တဲ့ မင်းသမီးကြီး အကယ်ဒမီမေဝင်းမောင်ကို ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ မေဝင်းမောင်ဟာ အခုဆိုရင် နိုင်ငံရပ်ခြားမှာနေထိုင်နေလျက်ရှိပြီး သူမ မြန်မာ့နိုင်ငံရေးအတွက် အမြဲတမ်းနားစွင့်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ တိုင်းတစ်ပါးမှာနေထိုင်နေပေမယ့်လည်း တော်လှန်ရေးအတွက် ရန်ပုံငွေတွေရရှိနိုင်ဖို့ သူမတတ်ကျွမ်းတဲ့ အနုပညာနဲ့ အမြဲတမ်းကူညီပေးနေတဲ့ မေဝင်းမောင်ဟာ မနေ့က အောက်တိုဘာလ (၁၀) ရက်နေ့မှာလည်း အမေရိကန်နိုင်ငံက ဂီတရန်ပုံငွေပွဲတစ်ခုမှာ သီချင်းဆိုအားဖြည့်ခဲ့ပါသေးတယ်။

အဆိုပါဖျော်ဖြေပွဲအပြီးမှာတော့ မေဝင်းမောင်၊ ကျော်သီဟနဲ့တကွ အနုပညာရှင်များက အင်ဒီယားနားပြည်နယ် Fort Wayne မှာနေထိုင်တဲ့ အဆိုတော်မာမာအေးရဲ့အိမ်ကို သွားရောက်ခဲ့ပါတယ်။ မနေ့က အောက်တိုဘာလ (၉) ရက်နေ့က မြန်မာတို့ရဲ့သီတင်းကျွတ်လပြည်နေ့ဖြစ်တာမို့ အဆိုတော်ကြီး မာမာအေးကို ဂါရဝပြုကန်တော့ခဲ့တာကို တွေ့ရပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *