မြန်မာဆယ်လီ

ဖေဖေဦးမန်းဝင်းမရှိတော့ပေမယ့် ကျန်ရှိနေသေးတဲ့မေမေ့ကို စိတ်ချမ်းသာအောင်ထားတယ်ဆိုတဲ့ ဟေမာမန်းဝင်း

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ဟာသလူရွှင်တော်တစ်ယောက်လည်းဖြစ်တဲ့ ဦးမန်းဝင်းကတော့ သူ့ရဲ့ဘဝတစ်သက်တာတစ်လျှောက်မှာ အနုပညာအလုပ်တွေကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့သလို သူ့ရဲ့သမီးတွေကိုလည်း အနုပညာအမွေတွေ လက်ဆင့်ကမ်းနိုင်ခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် ဦးမန်းဝင်းရဲ့သမီးဖြစ်သူ ဟေမာမန်းဝင်းက နာမည်ရသရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဦးမန်းဝင်းကတော့ ကွယ်လွန်သွားခဲ့တာကြာပြီဆိုပေမယ့်လည်း ပရိသတ်တွေက သတိရနေဆဲဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်တွေကလည်း အောက်မေ့နေဆဲဖြစ်ပါတယ်။ အခုလို သီတင်းကျွတ်အခါသမယမှာ ဟေမာမန်းဝင်းတို့သားသမီးတစ်စုက အဖေ့ကိုသတိရနေကြောင်းကို “ဖေဖေမရှိတော့မေမေကိုစိတ်ချမ်းသာအောင်ထားတာဘာနဲ့မှမလဲနိုင်ဘူးဗျာဆဲချင်သလောက်ဆဲပါအပြုံးမပျက်တဲ့ညီမတွေပါရှင့်” ဆိုပြီး ပြောလာပါတယ်။ဟေမာမန်းဝင်းကတော့ ဖေဖေဦးမန်းဝင်းမရှိတော့ပေမယ့် ကျန်ရှိနေသေးတဲ့မေမေ့ကို စိတ်ချမ်းသာအောင်ထားတယ်ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သီတင်းကျွတ်မှာ သက်ရှိထင်ရှားရှိနေတဲ့မိဘတွေကိုလည်းကန်တော့ပြီး မရှိတော့တဲ့ မိဘတွေကိုလည်း ရည်မှန်းကန်တော့နိုင်ကြပါစေနော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *