မြန်မာဆယ်လီ

နောက်ဆုံးအချိန်ကိုရောက်ရှိနေပြီဆိုတဲ့ သတင်းတွေအတွက် သူမရဲ့လက်ရှိအခြေအနေကိုပြောပြလာခဲ့တဲ့ အဆိုတော် အိအိချွန်

အနုပညာလောကရဲ့ ရှားရှားပါးပါး အမြွှာတွေဖြစ်ကြတဲ့ အဆိုတော် အိအိချွန်နဲ့ အိအိမွန်တို့ကို ပရိသတ်ကြီးသိပြီးသားဖြစ်မှာပါ။ အမြွှာညီအစ်မထဲက အငယ်ဖြစ်တဲ့ အိအိချွန်ဟာ ဦးနှောက်အကြိတ်တည်ရောဂါကိုခံစားနေရတာဖြစ်ပြီး နာတာရှည်ရောဂါကို ဆေးကုနေရသူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဘဝရဲ့ကျန်ရှိတဲ့အချိန်တွေကို အကျိုးရှိရှိကုန်ဆုံးဖို့အတွက် သာသနာ့ဘောင်ထဲကို ဝင်ရောက်နေတဲ့ အိအိချွန်ဟာ ဒီနေ့မှာတော့ သူမရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။ ဆရာလေးဒေါ်အဂ္ဂဉာဏီ တဖြစ်လည်း အိအိချွန်က “မဂ်လာရှိသော သီတင်းကျွတ်အခါသမယမှာ(၇)ရက်သားသမီး ဒကာ ဒကာမအပေါင်းသူတော်ကောင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကောင်းကျိုးလိုရာဆန္ဒအားလုံးပြည့်စုံကြပါစေရှင်🙏🙏🙏 ဆရာလေး ကျန်းမာစွာဖြင့် သာသနာပြုနေပါတယ်ရှင်။ စိတ်ပူပေးကြတဲ့ဒကာ ဒကာမများကိုလည်းအထူးကျေးဇူးတင်ပါတယ်နော်။” ဆိုပြီး နောက်ဆုံးအချိန်ကိုရောက်ရှိနေပြီဆိုတဲ့ သတင်းတွေအတွက် သူမရဲ့လက်ရှိအခြေအနေကိုပြောပြလာခဲ့ပါတယ်။အိအိချွန်ကတော့ ဦးနှောက်အကြိတ်ဝေဒနာကို ခံစားနေရတာမို့ သူမရဲ့လက်ရှိအခြေအနေကို တရားဘာဝနာအားထုတ်ရင်းနဲ့သာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အိအိချွန်ကတော့ လက်ရှိမှာ ကျန်းကျန်းမာမာနဲ့ သာသနာပြုနေလျက်ရှိတာပဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *