Cele News မြန်မာဆယ်လီ

သူခေတ်သူအခါမှာ ပြိုင်စံရှား အနုပညာကဝေမကြီး မိုးမိုးမြင့်အောင်ရဲ့ဘ၀ဇာတ်ကြောင်း

သူခေတ်သူအခါမှာ ပြိုင်စံရှား အနုပညာကဝေမကြီး မိုးမိုးမြင့်အောင်ရဲ့ဘ၀ဇာတ်ကြောင်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် သူခေတ်သူအခါမှာ ပြိုင်စံရှား အနုပညာကဝေမကြီး ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် မိုးမိုးမြင့်အောင်ရဲ့ဘ၀ဇာတ်ကြောင်းကို အခုလို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

ငယ်ငယ်ကမြန်မာရုပ်ရှင်ကိုမင်းသားကြိုက်ရင်ကြည့်လိုက်တာပဲ၊ မင်းသမီးအဓိကမဟုတ်ဘူး၊ ရုပ်ရှင်မင်းသမီးထဲမှာငယ်ငယ်ကအကြိုက်ဆုံးက “တင်တင်ညို” ဖြစ်မယ်ထင်တယ်၊ ကျော်ဟိန်းကားအကြည့်များတော့ သူ့တွဲဖက်မင်းသမီးတင်တင်ညိုကိုပိုသတိထားမိတယ်၊ နည်းနည်းအရွယ်ရောက်လာတော့မင်းသမီးတွေထဲမှာသရုပ်ဆောင်အကောင်းဆုံးက “မို့မို့မြင့်အောင်” ထင်တယ်။

၁၉၈၂-၈၃ ချယ်ရီမဂ္ဂဇင်းမျက်နာဖုံးကာဗာမှာမို့မို့မြင့်အောင်ကိုစသတိထားမိတယ်၊ လမ်းပေါ်မှာခေါက်ထီးဆောင်းပြီးဒေါက်ဖိနပ်ကြိုးငုံ့ချည်နေတဲ့ပုံ၊ ခေါက်ထီးကိုပုခုံးနဲ့မေ့စေ့ကြားညှပ်ထားသေးတယ်၊ ကင်မရာကိုစိုက်ကြည့်နေတဲ့မို့မို့မြင့်အောင်မဂ္ဂဇင်းကာဗာဓါတ်ပုံအဲ့ဒီခေတ်အရမ်းခေတ်စားခဲ့တယ်၊စာရေးသူတို့ခေတ်အအောင်မြင်ဆုံးမင်းသမီးမို့မို့မြင့်အောင်ကအကယ်ဒမီငါးဆုရထားတဲ့စွယ်စုံရမင်းသမီးပါ၊ ခေတ်ဟောင်းဒါရိုက်တာရုပ်ရှင်မင်းသားကြီးဦးမြင့်အောင်ဒေါ်သန်းရင်သားသမီးငါးယောက်မှာမို့မို့မြင့်အောင်အငယ်ဆုံးပါ။

တာမွေကျောက်မြောင်းမှာကြီးပြင်းခဲ့တဲ့မို့မို့မြင့်အောင်ဟာအဲ့ဒီခေတ်ကဝါရင့်ရုပ်ရှင်မင်းသမီးကြီးတွေဖြစ်တဲ့ဝါဝါဝင်းရွှေ၊ခင်သန်းနုတို့ကိုအရမ်းအားကျခဲ့တယ်ဆိုတယ်၊ တာမွေအထက(၁) မှာကျောင်းတက်နေတဲ့မို့မို့မြင့်အောင်ဟာဆယ်တန်းဖြေခဲ့ပေမယ့်ပညာရေးကံဇာတာပါမလာလို့မအောင်မြင်ခဲ့ဘူး၊ သူ့သူငယ်ချင်းတွေဒေသကောလိပ်တက်နေချိန်မှာမို့မို့မြင့်အောင်ရုပ်ရှင်နယ်ကိုဝင်ရောက်သွားခဲ့ပါပြီ။

၁၉၇၉ ခုနှစ်ရုပ်ရှင်မင်းသားကြီးကျော်ဟိန်းရဲ့ “ မွန်းတည့်ချိန်မှာနေဝင်သည်” ဇတ်ကားနဲ့တက်သစ်စရုပ်ရှင်မင်းသမီးလေး မို့မို့မြင့်အောင်ကိုလူသိများလာခဲ့တယ်၊ မင်းသားကြီးကျော်ဟိန်းရဲ့နာမည်ကျော် “ ကျီးယောင်ဆောင်သောဒေါင်း ” ရုပ်ရှင်မှာမင်းသမီးချိုပြုံးနဲ့အပြိုင်သရုပ်ဆောင်ခဲ့ပြီးသူပိုနာမည်ကြီးလာခဲ့တယ်၊ ၁၉၈၄ ခုနှစ်မှာပထမဆုံးအကယ်ဒမီဆုကိုရပြီးနောက်ပိုင်းမင်းသမီးမို့မို့မြင့်အောင်ဟာမြန်မာ့ရုပ်ရှင်လောကကိုကိုင်လှုပ်နိုင်တဲ့ ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်လာခဲ့တယ်။

၂၀၀၈ ခုနှစ်မှာ “မြင့်မိုလ်ထက်ကသရဖူ” ရုပ်ရှင်နဲ့ငါးခုမြောက်အကယ်ဒမီဆုမို့မို့မြင့်အောင်ရခဲ့တယ်၊ ၁၉၈၀ မှာအဆိုတော်လွှမ်းမိုးနဲ့ပထမဆုံးအကြိမ်အိမ်ထောင်ပြုပြီးသုံးနှစ်အကြာလမ်းခွဲခဲ့ကြတယ်၊ ၁၉၈၇ ခုနှစ်မှာရုပ်ရှင်မင်းသမီးမို့မို့မြင့်အောင်ဟာဦးမောင်မောင်ကျော်နဲ့အိမ်ထောင်သစ်ထူထောင်ခဲ့တယ်၊ မင်းသမီးငယ်တွေရှုတင်မှာဖုန်းအမြဲပွတ်နေတာနဲ့ပတ်သက်ပြီးမို့မို့မြင့်အောင်ကအလုပ်ကိုအာရုံစိုက်ဖို့သူတို့ကိုဆုံးမစကားပြောခဲ့သေးတယ် Online ဂျာနယ်တစ်ခုမှာရေးထားတာတွေ့မိတယ်။

မှတ်မှတ်ရရ ၁၉၈၈ အရေးတော်ပုံဖြစ်ခါနီးရန်ကင်းကံဘဲ့အောင်သီရိရုပ်ရှင်ရုံမှာပြနေတဲ့ဇတ်ကားကမို့မို့မြင့်အောင်သရုပ်‌ဆောင်တဲ့နာမည်ကြီးရုပ်ရှင် “ ဇတ်လမ်းကမသန်း” ပါ၊ ၁၉၆၁ မေ ၂၅ မှာမွေးခဲ့တဲ့မို့မို့မြင့်အောင်အသက် ၆၂ နှစ်ဝင်ပြီဖြစ်လို့မြန်မာ့စံချိန်နဲ့အသက်ကြီးပိုင်းသရုပ်ဆောင်တစ်ဦးဖြစ်သွားပါပြီဉ မို့မို့မြင့်အောင်ဟာတစ်ခေတ်မှာတစ်ယောက်လို့ပြောနိုင်တဲ့အနုပညာမှော်အောင်မြင်ခဲ့သူပါ။ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Leave a Reply

Your email address will not be published.