မြန်မာဆယ်လီ

လစဉ်မပြတ် မွန်မြတ်လှတဲ့ ကွက်လပ်ဖြည့် အလှူလေးပြုလုပ်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

အလျဉ်းသင့်ရင်သင့်သလို အလှူအတန်းတွေကို ပြုလုပ်နေခဲ့သလို လစဉ်မပျက်တမ်းအလှူလေးတွေကိုလည်း ပြုလုပ်နေခဲ့ပါတယ်။ ဒီနေ့မှာလည်း နှိုင်းယှဉ်က လစဉ်မပျက်တမ်းအလှူလေးဖြစ်တဲ့ ကွက်လပ်ဖြည့်အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ မျက်စိတစ်ဖက်မရှိတဲ့ သူတွေအတွက် မျက်လုံးအတုလှူဒါန်းပေးခဲ့တဲ့ အလှူလေးပဲဖြစ်ပါတယ်။ နှိုင်းယှဉ်ကတော့ ချွေးနည်းစာငွေလေးတွေကို စုပြီး ပြုလုပ်တဲ့ ကုသိုလ်လေးဖြစ်တာကြောင့် အလှူလေးကို ပီတိဖြစ်နေခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ နှိုင်းယှဉ်ရဲ့ အလှူအတန်းရက်ရောတဲ့ စိတ်ကတော့ တကယ်ကို လေးစားဖွယ်ရာပါပဲနော်။

MyanmCelebrit

Leave a Reply

Your email address will not be published.