မြန်မာဆယ်လီ

မြန်မာပြည်သူတွေကို လှူဒါန်းဖို့ တတ်ကျွမ်းတဲ့ ဂီတအနုပညာနဲ့ သြစတေးလျနိုင်ငံမှာ ရံပုံငွေဖျော်ဖြေပွဲပြုလုပ်မယ့် ချမ်းချမ်း

အဆိုတော်ချမ်းချမ်းကတော့ ပရိသတ်တွေအားပေးမှုများတဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မျာလည်း Speak Out လုပ်ပေးခဲ့တာကြောင့် စကစရဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရတာဖြစ်ပြီး သူမရဲ့နေအိမ်ဟာလည်း ချိတ်ပိတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ တိုင်းတစ်ပါးကိုရောက်ရှိနေပေမယ့်လည်း မြန်မာပြည်အရေးအတွက် တတ်နိုင်တဲ့အင်အားနဲ့ အမြဲထောက်ပံ့ပေးနေတဲ့ ချမ်းချမ်းဟာ ဒီတစ်ခါမှာလည်း မြန်မာပြည်အတွက် သြစတေးလျနိုင်ငံမှာ ရံပုံငွေဂီတဖျော်ဖြေပွဲပြုလုပ်မယ့်အကြောင်းကို ချမ်းချမ်းကပြောလာပါတယ်။ ချမ်းချမ်းက “ကျွန်မရဲ့ ဩစတေးလျက မြန်မာအလှူရှင်များကို လှိုက်လှဲစွာဖိတ်ခေါ်ပါရစေရှင့်။ မြန်မာပြည်သူများအတွက် လိုအပ်ချက်များ ကူညီထောက်ပံ့နိုင်ရန် အတွက် ရှေ့နှစ် အစပိုင်းမှာ မြို့ငါးမြို့ကိုလှည့်လည်ပီး ကျွန်မ တတ်ကျွမ်းတဲ့ အနုပညာနဲ့ ရံပုံငွေရှာပေးမယ့်ပွဲလေးမို့ လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်နော်။ တစ်ယောက်ထဲအားနဲ့ မနိုင်ပေမဲ့ အခုလို ပြည်ပရောက်ရွှေမြန်မာတွေရဲ့ အကူညီနဲ့ မြန်မာပြည်အတွက် တဖက်တလမ်းက တတ်နိုင်သမျှ လိုအပ်ချက်တွေကို ဖြည့်ဆည်းခွင့်ရတော့မှာမို့ အတိုင်းမသိ ရင်ခုန်ပီတိဖြစ်ရပါတယ်။ အခုလို music tour ဖြစ်လာဖို့အတွက် အဖက်ဖက်မှကူညီပေးကြမယ့် အမှန်တရားဘက်တော်သား အဖွဲ့အစည်းများအားလုံးကိုကျေးဇူးတင်ပါတယ်။ ❤️❤️❤️👉လာမယ့်ရှေ့နှစ်အစပိုင်းဆိုပေမဲ့ အခုကတည်းက ရွှေမြန်မာပရိတ်သတ် အလှူရှင်များကို နှိုးဆော်လိုက်ပါရစေ🙏🙏🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာခဲ့တာပဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.