မြန်မာဆယ်လီ

၉လလွယ်ပြီးမွေးထားတဲ့ သားသားလေးနှစ်ယောက်ကို အရမ်းချစ်တဲ့အကြောင်းပြောပြလာတဲ့ သရုပ်ဆောင်မြသင်းချယ်

သရုပ်ဆောင်မြသင်းချယ်က ပါပါးနဲ့မာမားသိပ်ချစ်တာ သားသားတို့သိဖို့ပါ၊ ကျွန်တော့် ကလေးတွေက မွေးဖွားလာဖို့ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး၊ ကျွန်တော်က သာ ကလေးယူဖို့ရွေးချယ်ခဲ့တာပါ၊ သူတို့က ကျွန်တော့်အပေါ် ဘာအကြွေးမှ မတင်ပါဘူး၊ ကျွန်တော်ကသာ သူတို့ကို အကြွေးတင်ရတာပါလို့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲပါသူ Elon Musk က ဆိုပါတယ်။ ကိုယ်လဲ အဲ့လိုပဲခံယူထားတယ်၊ လိုချင်လွန်းလို့ခေါ်လာခဲ့တဲ့ ဒီကလေးလေးကို မွေးပေးရလို့ ဘယ်တော့မှ အမေ့ကျေးဇူးဆိုတာနဲ့ ဂုဏ်ဆာပြီး ကိုင်မပေါက်ဘူး၊ မိဘကိုလဲ ပြန်မကြည့်ခိုင်း၊ မပြုစုခိုင်းဘူး၊ သူ့အသိစိတ်နဲ့ ပြန်ကြည့်ရင်တော့ ကိုယ်တွေရဲ့ bonus အနေနဲ့အရမ်းကြည်နူးမိမှာပဲ၊ သူ့ကိုပြုစုပျိုးထောင်ရလို့ ဘယ်လောက်ပင်ပန်းပါစေ၊ သူကြီးလာရင် ဘယ်လောက်ပင်ပန်းခဲ့တာ မိဘကျေးဇူးမြင့်မိုရ်ဉီးဟဲ့ စတဲ့စိတ်ဒဏ်ရာပေးတဲ့ ဘလာဘလာစကားတွေပြောပြီး သူ့ဘဝကိုဝင်စွက်ဖက်၊ လွှမ်းမို့း၊ ချုပ်ကိုင်ဖို့ မကြိုးစားဘူး။သူ့ဘဝကို သူစိတ်တိုင်းကျပုံဖော်စေနိုင်မဲ့ အသိပညာ၊ အတတ်ပညာတွေပေးပြီးရင် မိဘအတွက်နောက်ဆံမတင်းစေရပဲ လွတ်လွတ်လပ်လပ်ပျံသန်းခိုင်းမယ်၊ အခုထဲက သူ့ကိုလူသားသေးသေးလေးတယောက်လိုသဘောထားပြီး သူ့ဆန္ဒကိုအလေးပေးဆက်ဆံတယ်၊ ဘာကိစ္စဖြစ်ဖြစ်ပြောပြတယ်၊ သူ့ခံစားချက်တွေနားထောင်ပေးတယ်၊ ငါမိဘ ငါပြောတိုင်းလုပ် ငါလုပ်သလိုလိုက်မလုပ်နဲ့ ဆိုတဲ့ အာဏာရှင်အုပ်ချုပ်ပုံနဲ့မထိန်းချုပ်ဘူး။သူကိုယ့်အနားရှိနေတဲ့နေ့ရက်တိုင်းကို တန်ဖိုးထားပြီး သူ့ကို ချစ်မယ်၊ ဘယ်လောက်ချစ်ကြောင်းပြောမယ်၊ အားရအောင်ဖက်မယ်၊ တချိန်ထဲမှာပဲ သူကိုယ့်ရင်ခွင်ထဲကထွက်သွားရမဲ့နေ့ရက်တွေအတွက် သူပြန်လှည့်မကြည့်ရအောင် ကြိုပြင်ထားမယ် ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်ကူးယူ ဖော်ပြပေးလိုက်ရပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published.