မြန်မာဆယ်လီ

သူမကို ကပ်ချွဲနေကြတဲ့ သားနဲ့သမီးရဲ့ ချစ်စရာပုံလေးတွေကို ဝေမျှလာတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင်လည်း ဖြစ်သလို သီချင်းတွေလည်း သီဆိုခဲ့တဲ့ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းက အခုလက်ရှိမှာဆိုရင် ချစ်စရာကောင်းတဲ့သားငယ်လေး ဂျက်ဂျက်နဲ့ သမီးလေး ဂျူးဂျူးနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာပိုင်းမှာ သရုပ်ဆောင်ကောင်းတဲ့ နန်းမြတ်လေးကမိသားစုအပေါ်မှာလည်း တာဝန်ကျေပြီး အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် ချစ်ရတဲ့ သားနဲ့ သမီးနဲ့ အတူ နေ့စဉ်ဘဝလေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာလည်း တွေ့ရပါတယ်နော်။ သားနဲ့ သမီးရဲ့ လှုပ်ရှားမှု ပုံလေးတွေကိုလည်း အမြဲ ဖော်ပြပေးလေ့ရှိပါတယ် ။ အခုလည်း သူမကို ကပ်ချွဲနေတဲ့ သားနဲ့သမီးရဲ့ ချစ်စရာ လှုပ်ရှားမှု ပုံလေးတွေကို အမှတ်တရ ရိုက်ကာ ဝေမျှလာပါတယ် ။ ပုံတိုင်းမှာ ဂျက်ရော ဂျူးလေးရော ချစ်စရာကောင်းလို့  ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

MyanmCelebrit

Leave a Reply

Your email address will not be published.