International News

အသေးအဖွဲလေးတွေကို ဂရုတစိုက်စုဆောင်းခြင်းဖြင့်လည်း ချမ်းသာလာနိုင်ကြောင်းကို သက်သေပြခဲ့သည့် ဈေးသည်တစ်ဦး

ငွေကြေးဆင်းရဲချို့တဲ့သူများအတွက် ငွေကြေးစုဆောင်းခြင်းသည် ဘဝအတွက်အလွန်အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

အချို့သည် ငွေကြေး အနည်းငယ်လေးဆိုပြီး သတိမထားဘဲ အမှုမဲအမှတ်မဲ့ နေတတ်ကြပါတယ်။သို့သော်လည်း ထိုင်နိုင်ငံမှ စျေးသည်အမျိုးသမီးတစ်ဦးဟာ သူမ၏သားငယ်လေးအတွက် ငွေကြေးတွေကို ရေသန့်ဘူးတစ်ခုထဲတွင် စုဆောင်းပေးခဲ့တာဖြစ်ပါတယ်။ပိုက်ဆံစုရာတွင် ချမ်းသားကြွယ်ဝသူမဟုတ်သည့်အတွက် စျေးရောင်းရသည့်ငွေထဲမှ မသိသာလှသော ဘတ်၅၀ကိုသာ စုဆောင်းသွားခဲ့တာလည်းဖြစ်ပါတယ်။

တစ်ရက်ကို ၅၀ဟုဆိုသော်လည်း ရက်ပေါင်းကြာလာခဲ့သောအခါ ငွေကြေးများစွာရရှိလာခဲ့ပြီး ဘတ်၂ သိန်းအထိပင် ရရှိခဲ့တာလည်းဖြစ်ပါတယ်။ စျေးသည်အမျိုးသမီး၏ ကြိုးစားစုဆောင်းမှုတစ်ခုဟာ အခြားသူများအတွက် အတုယူတတ်လျှင် အတော်လေး အကျိုးရှိစေမှာ သေချာပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.