မြန်မာဆယ်လီ

ပေါ်ပင်လုပ်စားသူတို့ရဲ့ ခဏတာ အသုံးတော်ခံ ဖြစ်ခဲ့ရတဲ့ လမ်း ၃၀ ထိပ်က အပွားလေးရဲ့ ဘဝလေးတေ

ဒီကလေးကို မြင်ဖူးနေပါတယ်လို့ မှတ်တာ၊ လမ်း ၃၀ ထိပ်က ပလုံးအိတ်တွေ ကြားက မိသားစုတွေထဲမှာ မြင်ဖူးနေတာပါ၊ ဟိုနေ့က ရွှေဆိုင်ကြော်ငြာလေးတွေ့တော့၊ အော် ဒီကလေးကံကောင်းလိုက်တာလို့တွေးနေမိသေးတာ။ဒါပေမယ့် ဒီနေ့ မြို့ထဲသွား​ဖြစ်တော့ ဘာမြင်လိုက်ရလဲဆိုတော့ အဲ့ကလေးကို အဲ့ လမ်း ၃၀ ထိပ်မှာပဲ ရယ်ရယ်မောမောနဲ့ အရင်တိုင်းလေးပဲ ပြန်တွေ့မိတယ်၊ အဝတ်အစားခပ်နွမ်းနွမ်းလေးနဲ့ပါပဲ၊တဆက်တည်းမှာပဲ ဆက်လျှောက်လာရင်း အရင်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကချေသည် သားအမိ နှစ်ယောက်ကို ၃၄ လမ်းထိပ်မှာတွေ့လိုက်တယ်၊ ဒဿဂီရိ သီချင်းနဲ့ဘောက်လေးဖွင့်ပြီးကနေတာ၊ ဘာမှမပြောင်းလဲဘူးအရင်အတိုင်းပဲ၊ ဖုန်းနဲ့ ဗီဒီယို ရိုက်နေတဲ့သူတွေတော့များသား၊အဲ့လိုပါပဲ လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ​​မြေအိုးလေးတွေကို ၆ လုံးပတ် လုပ်တီးနေတဲ့ မိသားစုလေးလည်း စျေးထဲ တခါခါ ပြန်ပြန်ရောက်လာတယ်၊ အဆိုကောင်းအတီးကောင်းတဲ့ မျက်မမြင်လင်မယားကိုလည်း အရင် ပုံစံအတိုင်း မပြောင်းလဲဘဲ တွေ့နေမိတုန်းပဲ။အရင်တုန်းကတော့ လိုင်းပေါ်မှာ ပေါ်ပင်ဖြစ်သွားရင် သူတို့ဘဝလေးတွေ အဆင်ပြေသွားပြီထင်တာ၊ တကယ်အဆင်ပြေသွားတာက သူတို့ဘဝတွေကို ရိုက်ပြ ဗျူးပြတဲ့ အကောင့်တွေ၊ ပေ့တွေကပဲအဆင်ပြေသွားကြတာ၊ သူတို့ဘဝလေးတွေကတော့ အရင်တိုင်းပဲ ဖျော်ဖြေနေရတုန်းပဲ။

MyanmCelebrit

Leave a Reply

Your email address will not be published.