မြန်မာဆယ်လီ

ကလေး(၄)ယောက်နဲ့ စားဝတ်နေရေး အရမ်း ခက်ခဲနေတဲ့ Single Mom မခင်အုန်းမြင့်ကို ကူညီထောက်ပံ့ ပေးခဲ့တဲ့ နှိုင်းရှင်မြင့်မိုရ်

ပရိသတ်တို့ရေ နှိုင်းရှင်မြင့်မိုရ်ကတော့ဟာသသရုပ်ဆောင်၊ဇာတ်ပို့ဇာတ်ရန်အဖြစ်ရုပ်ရှင်ဇာတ်ကားတော်‌တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့တာကြောင့်ပရိသတ်တွေအားလုံးနီးပါးမသိသူမရှိလောက်အောင်ပါပဲနော်။ သူမဟာအနုပညာနယ်ပယ်တူ၊ဝါသနာတူဟာသသရုပ်ဆောင်ကိုဘင်းနဲ့အိမ်ထောင်တစ်ခုထူထောင်ခဲ့ပြီး ချစ်ဖို့ကောင်းတဲ့ကလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။

နှိုင်းရှင်မြင့်မိုရ်ကတော့ရုပ်ရှင် ဇာတ်ကားတွေထဲမှာသရုပ်ဆောင်ကောင်းရုံ သာမကဈေးရောင်းတဲ့နေရာမှာလည်းထူးချွန်လွန်းသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေကလည်းသူမLiveလွှင့်ပြီးဈေးရောင်းတဲ့ပုံစံတွေကိုချစ်ကြတဲ့အတွက်ဘာပစ္စည်းပဲရောင်းရောင်းအားပေးနေကြတာဖြစ်ပါတယ်။လက်ရှိမြန်မာပြည်ရဲ့အခြေအနေတွေကြောင့်အနုပညာလုပ်ငန်းတွေရပ်နားထားရပေမယ့်နှိုင်းရှင်ကတော့အွန်လိုင်းပေါ်မှာLIVEလွှင့်ပြီးလုပ်ငန်းရှင်တွေအတွက် စျေးရောင်းချပေးနေတာဆိုရင်အရမ်းကိုအောင်မြင်နေပြီပဲဖြစ်ပါတယ်။

MyanmarCelebrityကနေတင်ဆက်ပေးခဲ့တဲ့SingleMomတစ်ဦး ဖြစ်ပြီး ကလေး ၄ယောက်နဲ့ဘဝကိုရုန်းကန်နေတဲ့မခင်အုန်းမြင့်ရဲ့အင်တာဗျူးကိုအားလုံးပဲသိကြမှာပါ။ ခင်ပွန်းဖြစ်သူကဖောက်ပြန်သွားခဲ့လို့အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တဲ့အဒေါ်ဖြစ်သူနဲ့ကလေး၄ယောက်ကိုရှာဖွေကျွေးမွေးနေတဲ့အာဂအမျိုးအသီးတစ်ဦးပါ။ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေ တွေကြောင့်ဒုက္ခရောက်ရတဲ့အထဲမှာသူမတို့မိသားစုလဲအပါအဝင်ပါပဲ။ ဒါကြောင့်သရုပ်ဆောင်နှိုင်းရှင်မြင့်မိုရ်နဲ့သူငယ်ချင်းများအဖွဲ့ကတော့တတ်နိုင်သလောက်သွားရောက်လှူဒါန်းခဲ့ပါတယ်။”အင်တာဗျူးလေးတက်လာကတည်းက


ခလေးလေးတွေမြင်တော့အရမ်းလှုချင်နေတာဒီနေ့မနက်နိုနိုင်းလေးကိုဆေးခန်းပြရမှာမို့လိုက်ဖို့မအားပေမယ့်နှိုင်းရှင်ရဲ့ဆန္ဒတွေကိုသွားပီး ဖြည့်ဆည်းပေးကြတဲ့သူငယ်ချင်းတွေကိုလည်းအရမ်းကျေးဇူးတင်ပါတယ်ဆန်တအိတ်ဆီငါးပိသာကွကျဥငွေတစ်သိန်းနှိုင်းရှင်နိုင်သလောက်လှုဒါန်းတာကိုပါရမီထပ်ဖြည့်ကြတဲ့လှိုင်ဝတီကျော်ဆန်ဆိုင်ကမမမိုးသီတာရောအင်ကြင်းအယ်လာမအေးအောင်ကျေးဇူးအရမ်းတင်ပါတယ်”လို့နှိုင်းရှင်ရဲ့လူမှု့ကွန်ယက်ပေါ်မှာရေးသားထားတာကိုတွေ့ရပါတယ်။
MyanmCelebrit

Leave a Reply

Your email address will not be published.