မြန်မာဆယ်လီ

အသက်ကြီးတဲ့အထိ ချိုင်းထောက်နဲ့ဈေးပတ်ရောင်းနေရတဲ့ အဘိုးအိုကို လမ်းဘေးအထိ ဆင်းကန်တော့ပြီး ကုသိုလ်ယူခဲ့တဲ့ အေးသီတာ

ဇာတ်ပို့သရုပ်ဆောင် အေးသီတာကတော့ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်ကတည်းက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ ကျင်လည်နေဆဲ ဖြစ်ပါတယ်။ အေးသီတာဟာ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီဖြစ်ပြီး အနုပညာအလုပ်တွေနဲ့အတူ တစ်ဖက်မှာလည်း ကုသိုလ်ယူအလှူပြုပေးတဲ့ ပရဟိတအလုပ်တွေကို အချိန်ပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ကုသိုလ်နည်းများမဆို ကြုံသလိုပြုတတ်တဲ့ အေးသီတာဟာ ဒီတစ်ခါမှာလည်း လမ်းသွားရင်းပြုဖြစ်တဲ့ အလှူလေးအကြောင်းကို အခုလိုပြောပြလာပါတယ်။ အေးသီတာက “ဘဝတွေများ မပြေလည်ပုံက အသက်တွေကြီးထိ ဈေးရောင်းနေရရှာတယ်။ ဒီနေ့ ပါရမီလမ်းမီးပွိုင့်မှာ အဘဈေးရောင်းနေတာတွေ့လို့ သူ့လက်ထဲက အရုပ်တွေကို အကုန်ဝယ်ခဲ့လိုက်တယ်။ ” ဆိုပြီး အသက်ကြီးတဲ့အထိ ချိုင်းထောက်နဲ့ဈေးပတ်ရောင်းနေရတဲ့ အဘိုးအိုကို လမ်းဘေးအထိ ဆင်းကန်တော့ပြီး ကုသိုလ်ယူခဲ့ပုံကို ပြသလာပါတယ်။အေးသီတာကတော့ သူမကိုယ်တိုင် အသက်အရွယ်တစ်ခုရောက်တဲ့အထိ ရုန်းကန်နေရဆဲဖြစ်ပေမယ့် သူမထက်အဆင်မပြေတဲ့သူတွေတွေ့ရင်တော့ ကိုယ်ချင်းစာစိတ်နဲ့ ကုသိုလ်အမြဲပြုတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.