မြန်မာဆယ်လီ

သိန်း(၄၀)နီးပါးလောက်တန်ဖိုးရှိတဲ့ နောက်ဆုံးထွက် iPhone 14 ကို ပထမဆုံးကိုင်ခွင့်ရခဲ့လို့ အပျော်ကြီးပျော်နေတဲ့ ထက်ထက်ထွန်

ပရိတ်သတ်ကြီးရေ….Miss Universe Myanmar 2016 ဆုရှင် ထက်ထက်ထွန်းကတော့ မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေသူတစ် ယောက်ပဲဖြစ်တဲ့အပြင် ရုပ်ရှင် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားတဲ့အပြင် အစီအစဉ်တင်ဆက်သူတဟ်ယောက်အဖြစ်လည်း အနုပညာလမ်းကြောင်း ပေါ်မြှအောင်မြင်စွာနဲ့လျှောက်လှမ်း နေတာပဲဖြစ်ပါတယ်နော်..။ ထက်ထက်ထွန်းက မော်ဒယ်လ်တစ်ယောက်အပြင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပြီး သူမရဲ့ချစ်သူနဲ့အတူတူ Lwin Moe & Htet Htet Htun ဆိုပြီး ဖုန်းဆိုင်ကြီးကိုလည်း ဖွင့်လှစ်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ ထက်ထက်ထွန်းဟာ နောက်ပိုင်းမှာဆိုရင်လည်း အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကို ပိုမိုအချိန်ပေးလုပ်ကိုင်ဖြစ်နေလျက်ရှိတာပဲဖြစ်ပါတယ်။ကိုယ်တိုင်လည်း ဖုန်းဆိုင်ကြီးတစ်ဆိုင်ဖွင့်လှစ်ထားတဲ့ ထက်ထက်ထွန်းဟာ ဒီကနေ့မှာ စတင်ရောင်းချတဲ့ နောက်ဆုံးပေါ် iPhone 14 Pro ကို ပထမဦးဆုံးအနေနဲ့ ဦးဦးဖျားဖျားကိုင်ခွင့်ရခဲ့ပြီလို့ ဆိုပါတယ်။ ထက်ထက်ထွန်းက “iPhone အသစ်ထွက်တိုင်း တခါမှ ဦးဦးဖျားဖျား ကိုင်ရဖို့ မစဉ်းစားခဲ့ဖူးပါဘူး ☺️ ဒီနှစ်တော့ ပထမဆုံး ဦးဦးဖျားဖျားလေးရခဲ့ပြီ 🥰” ဆိုပြီး သူမရဲ့အပျော်တွေကို မျှဝေပေးထားပါတယ်။ထက်ထက်ထွန်းကတော့ အနည်းဆုံး သိန်း (၄၀) ကနေ အများဆုံး သိန်း (၇၀) နီးပါးတန်ဖိုးရှိတဲ့ နောက်ဆုံးပေါ် iPhone 14 ကို ပထမဦးဆုံးအနေနဲ့ ဦးဦးဖျားဖျားကိုင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ ထက်ထက်ထွန်းတို့ရဲ့ ဘဝကတော့ တကယ့်ကိုအားကျစရာပါပဲနော်။

MyanmCelebrit

Leave a Reply

Your email address will not be published.