မြန်မာဆယ်လီ

ဘဝရှေ့ရေးနဲ့ မိသားစုစားဝတ်နေရေးကြောင့် နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ချင်တဲ့အကြောင်း ရင်ဖွင့်လာတဲ့ ခင်ရတနာစိုး

ခင်ရတနာစိုးကတော့ The Voice Myanmar Season ( 3) မှာ နီနီခင်ဇော်ရဲ့ Team Ni Ni ကနေ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် ခင်ရတနာစိုးဟာ ပရိသတ်က အသိအမှတ်ပြု လက်ခံသူတစ်ယောက်ဖြစ်ခဲ့တယ်ဆိုပေမယ့် သူမအောင်မြင်စပြုမယ့်အချိန်မှာ ကပ်ရောဂါအခြေအနေတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပွဲတွေမသီဆိုရသလို ထင်သလောက် မပေါက်ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ခင်ရတနာစိုးက သူမရဲ့ရှေ့ရေးနဲ့ မိသားစုစားဝတ်နေရေးအတွက် နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ချင်တဲ့အကြောင်းကို အခုလိုပဲရင်ဖွင့်လာပါတယ်။ခင်ရတနာစိုးက “တခြားနိုင်ငံတစ်ခုခုမှာလေ ညီမတတ်တဲ့အဆိုပညာနဲ့အလုပ်လုပ်လို့မရဘူးလားဟင်။ ဥပမာ unplugged ဝိုင်းမှာဆိုတာမျိုးဖြစ်ဖြစ် လစာလေးနဲ့လုပ်ချင်တာပါ။ နားလည်းမလည်လို့အမှားပါရင်ခွင့်လွှတ်ပါနော်။ English စာကbasicလောက်ပဲတတ်ပေမယ့် ညီမသင်ယူမှာပါ။ ဒီမှာညီမအလုပ်လုပ်ရပေမယ့် ပွဲကြီးတွေလည်းရှောင်သလို မြို့ပေါ်ပွဲတွေလည်းညီမလက်မခံပါဘူး။ အနီးအနားနယ်ပွဲလေးတွေတော့ဆိုဖြစ်ပါတယ်။ မိသားစုစားဝတ်နေရေးနဲ့ ညီမရှေ့ရေးကြောင့်မေးရတာပါ။ သိရင်လည်းဖြေပေးကြပါဦးနော်။ အဆက်အသွယ်လည်းမရှိလို့ပါ😢🙏” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။ ခင်ရတနာစိုးကတော့ သူမအမေရဲ့ ကျန်းမာရေးအခြေအနေကြောင့် သူမတို့ပိုင်ဆိုင်တဲ့ ဆိုင်ခန်းနဲ့မြေကွက်လေးတွေကို ရောင်းချခဲ့ရပြီး သူမကိုယ်တိုင်ကလည်း အိမ်ထောင်သည်တစ်ယောက်ဖြစ်နေတာကြောင့် မိသားစုစားဝတ်နေရေးအတွက် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ချင်ကြောင်း ရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.