မြန်မာဆယ်လီ

Express ကားနှစ်စီးအက်ဆီဒင့်ကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဆရာကြီးနဲ့ ဆရာလေးတို့ကို ဆေးရုံစရိတ်လှူဒါန်းခဲ့တဲ့ ဝေဠုကျော်တို့ဇနီးမောင်နှံ

နိုင်ငံကျော်သရုပ်ဆောင် ဝေဠုကျော်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ အနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေကိုပါ လုပ်ကိုင်ပြီး သူ့ရဲ့နာမည်နဲ့ ဝေဠုကျော်ပရဟိတဖောင်ဒေးရှင်းကိုပါ တည်ထောင်ထားလျက်ရှိပါတယ်။ ဒီတစ်ခါမှာလည်း ဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းကနေ Express ကားနှစ်စီးအက်ဆီဒင့်ကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဆရာကြီးနဲ့ ဆရာလေးတို့ကို အလှူငွေ (၅၀၀၀၀) ကျပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ဝေဠုကျော်ပရဟိတဖောင်ဒေးရှင်းကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၄) ရက်နေ့ညက မိတ္ထီလာ ကျောက်ပန်းတောင်းလမ်းပေါ်တွင် ပုဂံမင်းသားexpress နှင့် သန်မြန်သူexpress နှစ်စီး ယာဉ်မတော်တဆဖြစ်မှုတွင် အသက်ဘေးအန္တရာယ်မှလွတ်မြောက်ပြီး ကျောက်ပန်းတောင်း ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသော ဆရာလေး ဒေါ်ပုညဝတီ နှင့် ၃နှစ်ကျော်အရွယ် ဆရာလေးသေးသေးလေး ညာဏစာရီအတွက် ဆေးဖိုးစရိတ် အလှူငွေ (၅၀၀၀၀) လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ဝေဠုကျော်ကတော့ သူ့ရဲ့ဖောင်ဒေးရှင်းကနေ အခက်အခဲဖြစ်နေတဲ့ နေရာဒေသ၊ လူပုဂ္ဂိုလ် အသီးသီးအတွက် အလှူအတန်းတွေအများကြီး ပြုလုပ်ခဲ့သလို အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ဇနီးနဲ့အတူတူ အလှူတွေမကြာခဏဆိုသလို ပြုလုပ်လျက်ရှိတာပဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.