မြန်မာဆယ်လီ

ရက်ပေါင်း (၆၀) အတွင်း အမိုက်စားပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပရိသတ်တွေဆီပြသလာခဲ့တဲ့ နေမင်း

သရုပ်ဆောင်နေမင်းကတော့ ဗီဒီယိုဇာတ်ကားကြီးတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ နေမင်းဟာ နောက်ပိုင်းမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ နည်းပါးသွားပြီး သူ့ရဲ့မိသားစုတွေရှိရာ နယ်မြို့လေးမှာပဲ အခြေချနေထိုင်နေလျက် ရှိတာပဲဖြစ်ပါတယ်။ နေမင်းဟာ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပေမယ့် ပရိသတ်တွေကတော့ နေမင်းရဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်တစားစောင့်ကြည့်နေဆဲဖြစ်ပါတယ်။အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေခဲ့တဲ့ နေမင်းဟာ သူ့ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့မေ့လျော့နေခဲ့တာကြောင့် ဝ လာခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း နေမင်းဟာ သူ့ရဲ့ခန္ဓာကိုယ်ကို ရက်ပေါင်း (၆၀) အတွင်းပြောင်းလဲခဲ့ရာ သိသိသာသာပြောင်းလဲသွားခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း နေမင်းရဲ့ ပြောင်းလဲမှုကို သိရအောင် မျှဝေပေးလိုက်ပါတယ်နော်။နေမင်းကတော့ ရက်ပိုင်းအနည်းငယ်အတွင်းမှာ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကို ပြောင်းလဲနိုင်ခဲ့တာ လေးစားစရာပါပဲနော်။ ပရိသတ်ကြီးလည်း နေမင်းရဲ့ ပြောင်းလဲမှုပုံရိပ်လေးကိုကြည့်ပြီး အားကျနေကြမယ်လို့ ထင်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published.