မြန်မာဆယ်လီ

ပရိတ်သတ်တွေလုံးဝမမှတ်မိနိုင်လောက်အောင်ကို ဆံပင်အရှည်ကြီးနဲ့ပြောင်းလည်းသွားတဲ့ သရုပ်ဆောင်အိစိကွေး

ပရိသတ်ကြီးရေ.. ကလေးသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးထားပြီး အနုပညာလောကမှာ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းသားချောလေး အိစိကွေးကလည်း အပါအဝင်ပါပဲ..။ အိစိကွေးကတော့ သူ့အတွက် အချစ်ရေးထက် ပညာရေး၊ အလုပ်ကို ပိုဦးစားပေးနေတယ်လို့အင်တာဗျူးတွေမှာဖြေဆိုလေ့ရှိတဲ့သူပါ ။
ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်ကအမြဲတမ်းမြင်ကြတဲ့ အိစိကွေးဟာ အခုဆိုရင် အသက် နှစ်ဆယ်ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး လူကြီးတစ်ယောက်ဖြစ်လို့နေပြီပဲဖြစ်ပါတယ်။ အိစိကွေးကတော့ အခုဆိုရင် ဆံပင်အရှည်ကြီးလည်းဖြစ်လို့နေပြီဖြစ်ပြီး ပရိသတ်တွေမမှတ်မိနိုင်လောက်တဲ့ သူ့ရဲ့ အမိုက်စားပုံရိပ်ကို အခုလိုပဲ ပြသလာခဲ့ပါတယ်။ အိစိကွေးကတော့ ငယ်စဉ်အခါတုန်းကလည်း ချစ်စရာကောင်းသလို အခုအသက်အရွယ်မှာလည်း မိန်းကလေးတွေကြွေလောက်တဲ့ အမိုက်စားကြည့်ကောင်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိစိကွေးရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published.