မြန်မာဆယ်လီ

သူမရဲ့မွေးနေ့အမှတ်တရအဖြစ် သမီးကြီးမြမိုးဂင်္ဂါဆီမှတန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်လေးကို ရရှိခဲ့လို့ပျော်ရွှင်နေတဲ့ ချမ်းချမ်း

ချမ်းချမ်းရဲ့သမီးလေးမြမိုးဂင်္ဂါဟာဆိုရင် အားလုံးရဲ့ မျက်စိရှေ့မှာတင်ပဲအရွယ်ရောက်လာခဲ့ပါပြီပဲဖြစ်ပါတယ်နော်။ ကလေးနဲ့အရွယ်နဲ့မလိုက်ဖက် အောင်ထူးချွန်ပြီး ဉာဏ်ထက်တဲ့ကလေးလေးဖြစ်ကာ ဖေဖေ မေမေတို့ကိုလည်း အမြဲတမ်းပျော်ရွှင်အောင်ဖန်တီးပေးတတ်သူလေး ပါ။ ဖေဖေနဲ့ပဲရှိစေ မေမေနဲ့ပဲရှိစေ နှစ်ယောက်လုံးအတွက် အပြုံးတွေကိုသယ်ဆောင်လာပေးနိုင်သူလေးပါပဲ။

မြမိုးဂင်္ဂါလေးဟာဆိုရင် ညီမလေးPilarရဲ့အပေါ်မှာလည်း နွေးထွေးတဲ့အတွက် မေမေချမ်းချမ်းကတော့ပီတိဖြစ်နေရတာပဲဖြစ်ပါတယ်နော်။
ချမ်းချမ်းဟာ သမီးငယ်လေးကိုလည်း ရရှိထားပြီဖြစ်ပြီး သမီးကြီးနဲ့ သမီးငယ်တို့ကို ပြုစုပျိုးထောင်ရင်း သူမဘဝရဲ့နေ့ရက်တွေကို ပီတိတွေနဲ့ ဖြတ်သန်းနေလျက်ရှိတာပဲဖြစ်ပါတယ်။

စက်တင်ဘာလ (၁၄) ရက်နေ့ကတော့ ချမ်းချမ်းရဲ့ အသက် (၃၅) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချမ်းချမ်းက မွေးနေ့မှာ သူမရဲ့မိသားစုတွေနဲ့အတူတူ အီတလီနိုင်ငံမှာဖြတ်သန်းနေသလို သူမရဲ့သမီးကြီးမြမိုးဂင်္ဂါဆီကလည်း တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်လေးရရှိခဲ့ကြောင်း ပြောပြလာပါတယ်။မြမိုးဂင်္ဂါလေးက မေမေ့အတွက် မျက်နှာကပ်တဲ့ Mask လေးနဲ့ သူမကိုယ်တိုင်ဆွဲထားတဲ့ပုံလေးနဲ့အတူတူ

“Mama I miss you. I don’t even know what I’m going to do when you go to america” ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။ချမ်းချမ်းကတော့ သမီးလေးတွေအပေါ်ကို အရမ်းချစ်သလို သမီးလေးတွေကလည်း ချမ်းချမ်းကို အရမ်းချစ်တာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းတို့ မိသားစုလေးကတော့ အေးချမ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုလေးတစ်စုပဲ ဖြစ်ပါတယ်နော်။
MyanmCelebrit

Leave a Reply

Your email address will not be published.