မြန်မာဆယ်လီ

လူမျိုးခြင်းမတူတဲ့ နိုင်ငံခြားသားအမျိုးသားတစ်ယောက်နဲ့ချစ်ကြိုက်နေပြီဖြစ်ကြောင်း တရားဝင်အလင်းပြလိုက်တဲ့ အလှမယ် ဟန်လေး

ဟန်လေးကတော့ လှပကျော့ရှင်းတဲ့ အလှကိုပိုင်ဆိုင်ထားပြီး Miss Universe Myanmar ရဲ့အလှမယ်ဟောင်းတစ်ဦးလည်းဖြစ်ပြီး အမြဲပွင့်လင်း ဖော်ရွေသူလေးပါအလှမယ် မင်းသမီးတစ်လက်ဖြစ်ပေမယ့် အချက်အပြုတ်ရေးရာမှာလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့အပြင် မိသားစုကိုလည်း ထောက်ပံ့နိုင်တဲ့ အရမ်းကိုတော်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။

အလှမယ် ဟန်လေးက တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ပါဝင်ပြီး လမ်းထွက်ကာ လူထု လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်လှုပ်ရှားခဲ့တာကြောင့်အမှုဖွင့်ထားခြင်းခံရတာ ကြောင့်ဘေးကင်းရာကို ရှောင်တိမ်းနေရ ပါတယ်နော်။


လက်ရှိမှာ ထိုင်းနိုင်ငံမှာနေထိုင်ရင်း အလုပ်တွေကိုလည်းလုပ်ကိုင်နေတဲ့ ဟန်လေးဟာ ဒီကနေ့မှာတော့ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်ကို ပွင့်လင်းစွာချပြလာခဲ့ပါတယ်။ ဟန်လေးဟာ နိုင်ငံခြားသားတစ်ယောက်နဲ့ လက်ချင်းဆုပ်ကိုင်ထားတဲ့ ဗီဒီယိုလေးကို သူမရဲ့ ဖေ့စ်ဘုတ် Story ကနေ အခုလိုပဲ ပြောပြလာခဲ့ပါတယ်။


ဟန်လေးကတော့ သူစိမ်းတွေပဲရှိတဲ့ တိုင်းတစ်ပါးမှာနေထိုင်ရင်း ချစ်ရတဲ့ချစ်သူနဲ့ ဆုံတွေ့ခွင့်ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ဟန်လေးတို့ ချစ်သူနှစ်ဦး ပျော်ရွှင်ချမ်းမြေ့ပြီး သက်ဆုံးတိုင် လက်တွဲသွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ အရမ်းကိုလိုက်ဖက်ညီနေတဲ့ ဟန်လေးတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်လေးတွေကို အခုလိုပဲတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်..။
MyanmCele

Leave a Reply

Your email address will not be published.