Local News

လေးလအရွယ်သာရှိသေးသည့် ညီငယ်လေးနဲ့မခွဲချင်လို့ ကျောင်းသွားသည့်အချိန်တွင် ညီလေးကို ကျောပိုးအိတ်ထဲထည့်ပြီးခေါ်သွားဖို့ကြိုးစားခဲ့သည့် ပထမတန်းကျောင်းသားလေး

အကိုအမတို့သည် ညီငယ်ညီမငယ်များအတွက်ဒုတိယမိဘများဟုပင်တင်စားနိုင်တာဖြစ်ပါတယ်။အကိုအမရှိသူများအတွက် အရာရာကိုအားကိုးအားထားပြုနိုင်ပြီး ပျော်ရွင်ခြင်းတွေကိုရရှိစေမှာဖြစ်ပါတယ်။ ယခုတွင်လည်းကလေးငယ်လေးတစ်ဦး၏ ညီဖြစ်သူအပေါ်တွင်ထားရှိသောသံယောဇဥ်လေးနက်မှုတွေကိုအတိုင်းသာမြင်နေခဲ့ရပါတယ်။ပထမတန်းအရွယ်သာရှိသေးသည့်ကျောင်းသားလေးဟာ ကျောင်းသို့လေးလအရွယ်သာရှိသေးသည့်ညီလေးကို အဖော်ရအောင်ခေါ်သွားချင်ခဲ့သည့်အတွက် ကျောပိုးအိတ်ထဲကို မိခင်မသိအောင်ခိုးထည့်ထားခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူကလည်း သားငယ်လေးကိုမတွေ့သည့်အတွက် အိမ်အနှံလိုက်ရှာနေခဲ့ရပြီး နောက်ဆုံးအချိန်မှ သားကြီးကကျောင်းကိုခေါ်သွားဖို့ကျောပိုးအိတ်ထဲထည့်ထားတာကိုတွေ့လိုက်ရပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.