မြန်မာဆယ်လီ

ဖခင်ကြီးလိုချင်တဲ့ သိန်းဆယ်ချီတဲ့ နာရီကြီးကို ချက်ချင်းဆိုသလို ဝယ်ယူပြီး လက်ဆောင်ပေးခဲ့တဲ့ နေဆန်း

ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်ဖြစ်တဲ့ နေဆန်းကတော့ ဟာသဗီဒီယိုတွေကို ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ခက်ခဲကြမ်းတမ်းတဲ့ဘဝက လာခဲ့ရသူမို့ သူတစ်ပါးအပေါ်ညှာတာတတ်ပြီး ဂရုစိုက်တတ်တဲ့ နေဆန်းဟာ အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်လေ့ရှိတာပဲဖြစ်ပါတယ်။ အထူးသဖြင့် မိဘအပေါ်အရမ်းသိတတ်လိမ္မာတဲ့ နေဆန်းဟာ ဒီကနေ့မှာလည်း သူ့ရဲ့ဖေဖေဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလာခဲ့ပါတယ်။နေဆန်းက ဖခင်ကြီးလိုချင်တဲ့ သိန်းဆယ်ချီတဲ့ နာရီကြီးကို ချက်ချင်းဆိုသလို ဝယ်ယူပြီး လက်ဆောင်ပေးခဲ့ပြီး ဖခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ နေဆန်းကတော့ သူတို့သားအဖရဲ့ ပျော်ရွှင်ကြည်နူးဖွယ်ပုံရိပ်တွေကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေခဲ့ကာ ပရိသတ်တွေကို အပျော်တွေကူးစက်စေခဲ့တာ အခုလိုပဲ တွေ့ရပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.