မြန်မာဆယ်လီ

ကျွေးမွေးပြုစုရမယ့် မေမေနဲ့ ပြုစုပျိုးထောင်ပေးရမယ့်သမီးလေးတို့ကြောင့် ဘဝမှာပြီးပြည့်စုံခြင်းတွေကို ပိုင်ဆိုင်ထားပြီဆိုတဲ့ ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ကတော့ အနုပညာနယ်ပယ်အသီးသီးမှာ လူသိများတဲ့ အနုပညာရှင်ဇနီးမောင်နှံပဲဖြစ်ပါတယ်။ ချစ်သူတွေအဖြစ် အချိန်တွေအကြာကြီးလက်တွဲခဲ့တဲ့ သားဂန်းနဲ့ ဘေဘီမောင်ဟာ သားဂန်းနဲ့ ဘေဘီမောင်တို့ဟာ အခုဆိုရင် အိမ်ထောင်ရှင်ဇနီးမောင်နှံတွေအဖြစ် ရွှေလက်တွဲနေလျက်ရှိပြီဖြစ်ပါတယ်။ အခုဆိုရင် သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ ဘဝလေးထဲမှာ သမီးလေးတစ်ယောက်ကလည်း ထပ်မံပြီးတိုးပွားလာခဲ့ပြီပဲဖြစ်ပါတယ်။ဘဝမှာပြီးပြည့်စုံခြင်းတွေ ပိုင်ဆိုင်နေပြီဖြစ်တဲ့ ဘေဘီမောင်က “ကျွန်မဘဝရဲ့ပြည့်စုံခြင်းဆိုတာ❤️ တစ်သက်လုံးလုပ်ကျွေးပြုစုရမယ့် မေမေရယ်🙏🏻 လိမ္မာယဉ်ကျေးတဲ့ ပညာတတ်ကြီးဖြစ်အောင်ပြုစုပျိုးထောင်ရမယ့်သမီးလေးရယ်🤱🏻❤️ငွေနဲ့ပေးဝယ်လို့မရတဲ့ ချမ်းသာမူ့လေးပိုင်ဆိုင်ထားတဲ့ကျွန်မ🙏🏻🙏🏻🙏🏻🥰” ဆိုပြီး သူမရဲ့ပီတိလေးကို မျှဝေပေးလာပါတယ်။ ဘေဘီမောင်ကတော့ သူမရဲ့ဘဝမှာ သူမအပေါ် အနွံတာခံပြီးမေတ္တာတွေပေးတဲ့ မေမေ၊ မိသားစုနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတို့ကြောင့် သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီပဲ ဖြစ်ပါတယ်။ ဘေဘီမောင်တို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmCelebrit‚

Leave a Reply

Your email address will not be published.