မြန်မာဆယ်လီ

အခြေအနေအမျိုးမျိုးကြောင့် လပေါင်းများစွာပျောက်ကွယ်နေရာမှ ပုံလေးတစ်ပုံနဲ့ပရိတ်သတ်တွေရှေ့ထွက်ပေါ်လာတဲ့ စံထိပ်ထားဦး

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ အားလုံးက ချစ်ခင်ရပြီး ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော ခိုင်သင်းကြည် ပဲ ဖြစ်ပါတယ်နော်..။မခိုင်လေးရဲ့တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးကလည်း အရွယ်ရောက်ကာ လှသွေးကြွယ်လာပြီး ချစ်စရာကောင်းတာမို့ ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြပါသေးတယ်နော်..။ခိုင်သင်းကြည်ရဲ့အမျိုးသား ကိုခန့်နိုင်ဟာ ပြီးခဲ့တဲ့ဧပြီလအတွင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ခိုင်သင်းကြည်နဲ့ သူမရဲ့သမီး စံထိပ်ထားဦးတို့ဟာလည်း ထိုကိစ္စပြီးတဲ့နောက် လူမှုကွန်ယက်စာမျက်နှာကနေ ပျောက်ကွယ်သွားခဲ့တာပဲဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၁၂) ရက်နေ့မှာတော့ ခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားဦးဟာ သူမရဲ့ဓာတ်ပုံလေးတစ်ပုံနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ခိုင်သင်းကြည်တို့မိသားစုကတော့ စိတ်ရင်းကောင်းပြီး အလှူအတန်းလည်းရက်ရောကြသူများမို့ ပရိသတ်တွေချစ်ကြတဲ့ မိသားစုလေးတစ်စုပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ခိုင်သင်းကြည်တို့မိသားစုလေးကို အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ပြန်မြင်ချင်နေကြပါပြီနော်။

MyanmCelebrit

Leave a Reply

Your email address will not be published.