မြန်မာဆယ်လီ

ချစ်သူသင်ဇာဝင့်ကျော်ရဲ့မွေးနံ သောကြာထောင့်မှာ အစစအရာရာအဆင်ပြေဖို့ တောင်းဆုပြုခဲ့တဲ့ ရဲရင့်မိုး

နိုင်ငံကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာ အီလက်ထရောနစ် ဥပဒေ ပုဒ်မ (၃၃) က နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပြီး ပရိသတ်တွေနဲ့ရော သူမရဲ့အသိုင်းအဝိုင်း၊ မိသားစုတွေနဲ့လည်း ဝေးကွာနေတာပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ တစ်လကျော်ကြာခဲ့ပြီဖြစ်ပြီး သူမနဲ့ပတ်သက်တဲ့ သတင်းတွေဟာလည်း လုံးဝပျောက်ကွယ်နေလျက်ရှိတာပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ချစ်သူ ရဲရင့်မိုးကတော့ သင်ဇာနဲ့ချစ်လာခဲ့တာ ချစ်သူသက်တမ်း (၂) နှစ်ကျော်ရှိပြီဖြစ်ပြီး အခုလိုခွဲခွာနေရတာ ပထမဆုံးအကြိမ်ဖြစ်တာမို့ တော်တော်လေးခံစားနေရတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ရဲရင့်မိုးက သင်ဇာဝင့်ကျော်ရဲ့မွေးနံ သောကြာထောင့်မှာ ဘုရားရှိခိုး၊ ရေသပ္ပာယ်ပြီး သင်ဇာတစ်ယောက် အစစအရာရာအဆင်ပြေဖို့ ဆုတောင်းပေးနေခဲ့တာပဲဖြစ်ပါတယ်။MyanmCelebrit

Leave a Reply

Your email address will not be published.