မြန်မာဆယ်လီ

ဆိုင်ကယ်စီးလမ်းသွားနေရင်း ခန္ဓာကိုယ်တစ်ခြမ်းလုံး ဖြတ်တိုက်ခံခဲ့ရတယ်ဆိုတဲ့ ခင်ရတနာစိုး

ခင်ရတနာစိုးကတော့ The Voice Myanmar Season ( 3) မှာ နီနီခင်ဇော်ရဲ့ Team Ni Ni ကနေ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် ခင်ရတနာစိုးဟာ ပရိသတ်က အသိအမှတ်ပြု လက်ခံသူတစ်ယောက်အဖြစ် ဂီတလမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခင်ရတနာစိုးက သူမအနေနဲ့ အက်ဆီဒင့်တစ်ခုဖြစ်ခဲ့ကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။ခင်ရတနာစိုးက “မွေးနေ့ရောက်ခါနီး ကံကောင်းချက်ပဲ။

ဆိုင်ကယ်ကို ကိုယ့်လမ်းကိုယ်မောင်းနေတာကို ဖြတ်တိုက်ခံရတယ်။ ကိုယ်တစ်ခြမ်းလုံးအတိုက်ခံရတာအရမ်းကြီးဘာမှမဖြစ်ပေမယ့် နာတာရှည်ခါးနာနေတာ ပိုဆိုးသွားတယ်။ အခုတဆစ်ဆစ်နဲ့ကိုက်နေတယ်။ ကံနိမ့်နေတယ်ကွယ်😢” ဆိုပြီး သူမရဲ့ အဖြစ်ကို ပြောပြလာပါတယ်။

ခင်ရတနာစိုးကတော့ ဆိုင်ကယ်အတိုက်ခံရတာကြောင့် ပြင်ပဝေဒနာကြီးကြီးမားမားမဖြစ်ခဲ့ပေမယ့် သူမရဲ့ခါးနာနေတဲ့ ဝေဒနာကတော့ တဆစ်ဆစ်နဲ့ကိုက်နေရပြီလို့ ပြောလာတာပဲဖြစ်ပါတယ်။ ခင်ရတနာစိုးတစ်ယောက် ကံမကောင်းမှုတွေဝေးပြီး ကံကောင်းခြင်းတွေအမြန်ဆုံးရောက်ရှိလာပါစေနော်။
MyanmCelebrit

Leave a Reply

Your email address will not be published.