Cele News မြန်မာဆယ်လီ

ကွယ်လွန်သွားတဲ့သူငယ်ချင်းဖြစ်သူ မော့စ်ရဲ့ လွှမ်းမောဖွယ်ရာအဖြစ်အပျက်လေးတွေကို ပြောပြလာတဲ့ သရုပ်ဆောင်မိုးဒီ

ကွယ်လွန်သွားတဲ့သူငယ်ချင်းဖြစ်သူ မော့စ်ရဲ့ လွှမ်းမောဖွယ်ရာအဖြစ်အပျက်လေးတွေကို ပြောပြလာတဲ့ သရုပ်ဆောင်မိုးဒီ

ပရိတ်သတ်ကြီးရေ၊ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်မိုးဒီက ကွယ်လွန်သွားတဲ့သူငယ်ချင်းဖြစ်သူ မော့စ်ရဲ့ လွှမ်းမောဖွယ်ရာအဖြစ်အပျက်လေးတွေကို အခုလို ပြောပြလာခဲ့ပါတယ်နော်။

ဦးမိုးဒီနဲ့ဦးမော့်စ်ဟာ ကျွန်တော့်ငယ်ဘဝရဲ့ ပျော်ရွှင်မှု အစိတ်အပိုင်းတော်တော်များများကို စိုးမိုးခဲ့သူတွေပဲ၊ မိုးဒီ လို့ပြောရင် မော့စ်ပါတွဲမြင်ပြီး မော့စ်လို့ပြောရင် မိုးဒီကိုပါ တွဲသိနေတာမျိုး သူတို့ဟာအတွဲညီလှပေါ့ ၊ကျွန်တော်တို့နိုင်ငံမှာ ဟာသစာပေထူးချွန်ဆု ၊ ဟာသအကယ်ဒမီဆု တို့ စသည်ဖြင့် ဟာသပညာရပ်အတွက် မရှိခဲ့တာလဲ ဝမ်းနည်းစရာ။

သူတို့ဟာသတွေဟာ အဆင့်အတန်းတစ်ခုရှိပြီး တကယ့်ကို အူလှိုက်သည်းလှိုက် ရယ်စရာကောင်းလှတယ်၊ ကဲ ထားပါတော့ ကျွန်တော်ရေးချင်တာက ဒီလို၊ ဦးမိုးဒီရဲ့အင်တာဗျူးတစ်ခုမှာ ကျွန်တော်ကြားဖူးတာ ၊ ဦးမော့်စ် ဇာတ်ပို့ဆုနဲ့ အကယ်ဒမီရတော့ လူတွေအပြေးအလွှားဖက်ကြနမ်းကြပေါ့၊ ဦးမိုးဒီ ကအားလုံးအပြီး နောက်ဆုံးကျမှ သွားပြီး “ငါဝမ်းသာတယ်ကွာ” လို့ပြောရင်း ဦးမော့စ်ကိုနမ်းလိုက်သတဲ့ ။

“ ကိုမော့စ် ပါးကိုနမ်းလိုက်တာ ကျွန်တော့်နှာခေါင်းကပူခြစ်သွားတယ် ၊ ဪ ဒီကောင်ဖျားနေပါလားလို့တွေးပြီး ကျွန်တော်စိတ်မကောင်းဖြစ်ကျန်ခဲ့ရတယ် “ လို့ဦးမိုးဒီကဖြေတယ် ။ အကယ်ဒမီရလို့ဂုဏ်ယူဝမ်းသာတာထက် သူ့သူငယ်ချင်းဖျားနေလို့ စိတ်မကောင်းဖြစ်သွားတဲ့ အခိုက်အတန့် လေးဟာ ဘယ်လောက်လှလိုက်သလဲ ။

အဲ့နားလေး ကျွန်တော့်စိတ်ထဲ တော်တော် ငြိကျန်ခဲ့တယ် ။ အဲ့အကယ်ဒမီပွဲအပြီး ရက်အနည်းငယ်အကြာမှာ ဦးမော့်စ် ဆုံးပါးခဲ့ပါတယ် ။ ဦးမိုးဒီကတော့ သူ့ကိုကျွန်တော်နောက်ဆုံး နမ်းလိုက်ရတယ်ပေါ့ဗျာ တဲ့ ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်ကူးယူ ဖော်ပြပေးလိုက်ရပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Zawgyi Vision

ကြယ္လြန္သြားတဲ့သူငယ္ခ်င္းျဖစ္သူ ေမာ့စ္ရဲ႕ လႊမ္းေမာဖြယ္ရာအျဖစ္အပ်က္ေလးေတြကို ေျပာျပလာတဲ့ သ႐ုပ္ေဆာင္မိုးဒီ

ပရိတ္သတ္ႀကီးေရ၊ အခုတစ္ခါမွာဆိုရင္ သ႐ုပ္ေဆာင္မိုးဒီက ကြယ္လြန္သြားတဲ့သူငယ္ခ်င္းျဖစ္သူ ေမာ့စ္ရဲ႕ လႊမ္းေမာဖြယ္ရာအျဖစ္အပ်က္ေလးေတြကို အခုလို ေျပာျပလာခဲ့ပါတယ္ေနာ္။

ဦးမိုးဒီနဲ႔ဦးေမာ့္စ္ဟာ ကြၽန္ေတာ့္ငယ္ဘဝရဲ႕ ေပ်ာ္႐ႊင္မႈ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားကို စိုးမိုးခဲ့သူေတြပဲ၊ မိုးဒီ လို႔ေျပာရင္ ေမာ့စ္ပါတြဲျမင္ၿပီး ေမာ့စ္လို႔ေျပာရင္ မိုးဒီကိုပါ တြဲသိေနတာမ်ိဳး သူတို႔ဟာအတြဲညီလွေပါ့ ၊ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဟာသစာေပထူးခြၽန္ဆု ၊ ဟာသအကယ္ဒမီဆု တို႔ စသည္ျဖင့္ ဟာသပညာရပ္အတြက္ မရွိခဲ့တာလဲ ဝမ္းနည္းစရာ။

သူတို႔ဟာသေတြဟာ အဆင့္အတန္းတစ္ခုရွိၿပီး တကယ့္ကို အူလႈိက္သည္းလႈိက္ ရယ္စရာေကာင္းလွတယ္၊ ကဲ ထားပါေတာ့ ကြၽန္ေတာ္ေရးခ်င္တာက ဒီလို၊ ဦးမိုးဒီရဲ႕အင္တာဗ်ဴးတစ္ခုမွာ ကြၽန္ေတာ္ၾကားဖူးတာ ၊ ဦးေမာ့္စ္ ဇာတ္ပို႔ဆုနဲ႔ အကယ္ဒမီရေတာ့ လူေတြအေျပးအလႊားဖက္ၾကနမ္းၾကေပါ့၊ ဦးမိုးဒီ ကအားလုံးအၿပီး ေနာက္ဆုံးက်မွ သြားၿပီး “ငါဝမ္းသာတယ္ကြာ” လို႔ေျပာရင္း ဦးေမာ့စ္ကိုနမ္းလိုက္သတဲ့ ။

“ ကိုေမာ့စ္ ပါးကိုနမ္းလိုက္တာ ကြၽန္ေတာ့္ႏွာေခါင္းကပူျခစ္သြားတယ္ ၊ ဪ ဒီေကာင္ဖ်ားေနပါလားလို႔ေတြးၿပီး ကြၽန္ေတာ္စိတ္မေကာင္းျဖစ္က်န္ခဲ့ရတယ္ “ လို႔ဦးမိုးဒီကေျဖတယ္ ။ အကယ္ဒမီရလို႔ဂုဏ္ယူဝမ္းသာတာထက္ သူ႔သူငယ္ခ်င္းဖ်ားေနလို႔ စိတ္မေကာင္းျဖစ္သြားတဲ့ အခိုက္အတန္႔ ေလးဟာ ဘယ္ေလာက္လွလိုက္သလဲ ။

အဲ့နားေလး ကြၽန္ေတာ့္စိတ္ထဲ ေတာ္ေတာ္ ၿငိက်န္ခဲ့တယ္ ။ အဲ့အကယ္ဒမီပြဲအၿပီး ရက္အနည္းငယ္အၾကာမွာ ဦးေမာ့္စ္ ဆုံးပါးခဲ့ပါတယ္ ။ ဦးမိုးဒီကေတာ့ သူ႔ကိုကြၽန္ေတာ္ေနာက္ဆုံး နမ္းလိုက္ရတယ္ေပါ့ဗ်ာ တဲ့ ဆိုၿပီးေတာ့ ေရးသားေဖာ္ျပထားပါတယ္၊ စာဖတ္ပရိတ္သတ္ႀကီးမ်ားအတြက္ ျပန္လည္ကူးယူ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

ကူးယူေဖာ္ျပခြင့္မျပဳ !!!!!!!!!

Leave a Reply

Your email address will not be published.