မြန်မာဆယ်လီ

တချိန်ကအခက်အခဲဖြစ်တိုင်း ကူညီခဲ့ဖူးတဲ့ သရုပ်ဆောင်ဦးကျော်ထူးတို့မိသားစုကို ကျေးဇူးသိတတ်စွာနဲ့ ပြန်လည်ဂါရဝပြုခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူမရဲ့ခင်ပွန်း ကိုဘင်းနဲ့အတူတူ အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်တိုင်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်နဲ့ ကိုဘင်းတို့ဟာ တချိန်က တော်တော်လေးခက်ခဲတဲ့အချိန်ကိုကျော်ဖြတ်ခဲ့ပြီး အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေရဲ့ ဖေးမမှုနဲ့ အသက်ဆက်ရှင်ခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း နှိုင်းယှဉ်မြင့်မိုရ်တို့ မိသားစုက သူမတို့အဆင်ပြေလာချိန်မှာ တချိန်ကကျေးဇူးရှိဖူးတဲ့ ကျေးဇူးရှင်တွေကို ပြန်လည်ကျေးဇူးဆပ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နှိုင်းယှဉ်မြင့်မိုရ်က သရုပ်ဆောင်ဦးကျော်ထူးကို ငွေသားနဲ့ဂါရဝပြုခဲ့ကြောင်းကို ဦးကျော်ထူးက “တချို့ (ချစ်ခြင်းတရား) တွေဟာ အဆင်မပြေတဲ့ကာလမှာ အပြည့်အဝပေါ်ထွက်လာတတ်ပါတယ်။ ကျေးဇူးသားကြီး ကိုဘင်း + နှိုင်းယှဉ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။နှိုင်းယှဉ်မြင့်မိုရ်နဲ့ ကိုဘင်းဟာ သူမတို့တော်တော်လေးခက်ခဲစဉ်အခါက ဖေးမကူညီပေးခဲ့ဖူးတဲ့ ဦးကျော်ထူးတို့ကို ကျေးဇူးသိတတ်စွာနဲ့ သူမတို့ပြန်လည်အဆင်ပြေလာချိန်မှာ တဖန်ကူညီခဲ့တာပဲဖြစ်ပါတယ်။ ကျေးဇူးသိတတ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်နဲ့ ကိုဘင်းတို့ မိသားစု ဒီထက်မက အောင်မြင်အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published.