Cele News မြန်မာဆယ်လီ

ပရိတ်သတ်တွေ လုံး၀မသိသေးတဲ့ အကယ်ဒမီများရှင် မင်းသမီးကြီး ချိုပြုံးရဲ့ ဘဝအကြောင်း တစ်စိတ်တစ်ပိုင်း

ပရိတ်သတ်တွေ လုံး၀မသိသေးတဲ့ အကယ်ဒမီများရှင် မင်းသမီးကြီး ချိုပြုံးရဲ့ ဘဝအကြောင်း တစ်စိတ်တစ်ပိုင်း

ပရိတ်သတ်ကြီးရေ၊ အခုတစ်ခါမှာဆိုရင် ပရိတ်သတ်တွေမသိသေးတဲ့ မင်းသမီးကြီး ချိုပြုံးရဲ့ ဘဝအကြောင်း တစ်စိတ်တစ်ပိုင်းကို အခုလို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

ငယ်ငယ်ကကျောက်ကုန်း(ရန်ကင်း)ဘက်ရောက်ရင် ချိုပြုံး အိမ်ဆိုပြီးသူငယ်ချင်းတွေပြလေ့ရှိတယ်၊ ကြည့်သာကြည့်တယ်၊ဘယ်အိမ်မှန်းမသိဘူး၊ ကျောက်ကုန်းလမ်းမိုးကောင်းဘုရားအနောက်မုဒ်ကျောပေးထားတဲ့တောင်ကုန်းလေးပေါ်ကထင်တယ်၊ ၁၉၈၉ လူ့ဘောင်သစ်ဒီမိုကရေစီပါတီဆိုင်းဘုဒ် ချိုပြုံး အိမ်တဝိုက်တွေ့ဖူးတယ်။

ဦးချန်ထွန်းဒေါ်ကြည်ကြည်မွေးဖွားခဲ့တဲ့သားသမီးဆယ်ယောက်ထဲမှာနာမည်ကျော်ရုပ်ရှင်မင်းသမီးကြီးနိုင်ငံကျော်အဆိုတော်ချိုပြုံး(နာမည်ရင်းအေးအေးတင့်)ကို ၁၉၄၆ ခုနှစ်ရန်ကုန်မှာမွေးဖွားခဲ့တယ်၊ စည်ပင်ဝန်ထမ်းဟောင်းဖခင်ဦးချန်ထွန်းကတယောထိုးဝါသနာပါပြီးမိခင်ဒေါ်ကြည်ကြည်ကမြန်မာသီချင်းကြီးသီချင်းခန့်ကောင်းကောင်းဆိုနိုင်တယ်။

ကျောင်းပညာဆယ်တန်းအထိပဲ နေဖူးတဲ့ချိုပြုံးဟာအသက် ၁၃ နှစ်သမီးထဲကရပ်ကွက်တေးဂီတပွဲမှာအနုပညာအရည်အသွေးစပြနိုင်ခဲ့ပြီးအကိုဝမ်းကွဲကိုသက်ထွန်း(တေးရေး)အဆက်အသွယ်နဲ့အနုပညာလောကထဲရောက်လာခဲ့တယ်၊ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်ဦးစိန်တင် (ရုပ်ရှင်မင်းသားကျော်သူဖခင်)ဆီမှာလခစားမင်းသမီးလုပ်ခဲ့ပြီးအနုပညာကြေးတလကျပ် ၆၀၀/ ရရှိခဲ့သည်၊ ရုပ်ရှင်နောက်ခံတေးသီချင်းများစွာသီဆိုခဲ့ပြီး မင်းသမီးဒေစီကျော်ဝင်းရုပ်ရှင်နောက်ခံသီချင်းအဆိုများတယ်၊ ချိုပြုံးသီဆိုထားတဲ့ ရုပ်ရှင်နောက်ခံ မောင့်မူပိုင်ရှင် သီချင်းဒီနေ့အထိကြိုက်တယ်။

နိုင်ငံကျော်အနုပညာရှင်ချိုပြုံးသီဆိုခဲ့တဲ့နာမည်ကြီးရေဒီယိုသီချင်းအချို့။ပန်းပိတောက်ကြွေရာမြေ၊ တမာလမ်းကိုပြန်ခဲ့၊ပိတောက်စိမ်း၊ချစ်ဖူးသူတို့သိပါတယ်၊တိမ်ပြာသောနေ့၊အင်းယားမှာတော်ပုံ၊တက္ကသိုလ်ကျောင်းကငွေလမင်း၊ရှမ်းပြည်ရောက်ဧည့်သည်၊တေလေငှက်ဖ၊တိမ်ပလီနွဲ့နှောင်း၊အ‌ကြွေးရတောင်မလွမ်းတော့ပါရေဒီယိုသီချင်းများသာမက စတီရီယိုတေးလောကမှာတေးရေး ဒီနေ့ပုဏ္ဍကရေးစပ်တဲ့နာမည်ကြီးသီချင်းများစွာသီဆိုထုတ်လုပ်ခဲ့တယ်၊ ချိုပြုုံးသီဆိုထားတဲ့ သူငယ်ချင်းမောင်ဘဦးသီချင်းတချိန်ကအရမ်းနာမည်ကြီးခဲ့တယ်။

Playboy Band ကိုကြိုက်ပြီးပလေးဘွိုင်သန်းနိုင်သီချင်းများနှစ်သက်တဲ့ရုပ်ရှင်မင်းသမီးချိုပြုံးဟာပလေးဘွိုင်းစတိတ်ရှိုးကိုရုပ်ဖျက်ပြီးသွားကြည့်ဖူးတာအင်တာဗျုးတခုမှာကြားဖူးတယ်၊ ရုပ်ရှင်မင်းသားကြီးဝင်းဦးက ချိုပြုံး လက်ဦးဆရာတယောက်ဖြစ်ပါတယ်၊ ချောက်မှာမိသားစုနဲ့အတူနေတဲ့ ချိုပြုံး ကိုပထမဦးဆုံးရုပ်ရှင်ရိုက်ဖို့ ဆူပါစတားမင်းသားကြီးဝင်းဦးကိုယ်တိုင်ချောက်မြို့ ချိုပြုံး အိမ်အထိရန်ကုန်ကနေကားမောင်းပြီးလာခေါ်တဲ့အကြောင်းချိုပြုံးအင်တာဗျုးတခုမှာကြားလိုက်ရတယ်။မင်းသမီးကြီးချိုပြုံးကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲပြီး အကယ်ဒမီထူးချွန်ဆု လေးဆုကိုလည်းရရှိထားပါသေးတယ်

Leave a Reply

Your email address will not be published.