မြန်မာဆယ်လီ

ခင်ပွန်းဖြစ်သူဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းအဖွဲ့သားတွေနဲ့အတူတူ အိမ်ထောင်စု(၂၀၀) စာကို ဆန်လှူဒါန်းခဲ့တဲ့ ရေကြည်ချမ်းမြ

နိုင်ငံကျော်သရုပ်ဆောင် ဝေဠုကျော်ကတော့ အသက်ငါးဆယ်ကျော်မှ သူ့ရဲ့ဖူးစာဖက်မိန်းကလေးကို ရှာတွေ့ခဲ့ပြီး ရွှေလက်တွဲလက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ ဝေဠုကျော်ဟာ အငြိမ့်မင်းသမီးလေး ရေကြည်ချမ်းမြနဲ့ ယခုနှစ် ဖေဖော်ဝါရီလအတွင်းက လက်ထပ်ခဲ့ပြီး အခုဆိုရင် သာယာအေးချမ်းတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ဝေဠုကျော်ရဲ့ ဇနီး ရေကြည်ချမ်းမြက ခင်ပွန်းဖြစ်သူဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းအဖွဲ့သားတွေနဲ့အတူတူ လှူဒါန်းဖြစ်ခဲ့တဲ့ အလှူလေးအကြောင်းကို ပြောပြလာပါတယ်။ ရေကြည်ချမ်းမြက “ဒီနေ့ သာကေတကျူးရပ်ကွက် နှင့် အနီးအနား ကနွမ်းပါးအိမ်ထောင်စု ၂၀၀စုသို့ ဆန် ပြည်၄၀၀ တစ်အိမ်ထောင် ဆန်၂ပြည်စီဖြင့် တတ်နိူင်သလောက်လေးမျှဝေ လှူပေးခဲ့ပါတယ်။ ဒီနေ့ အလှူလေးကတော့ ဖောင်ဒေးရှင်းမိသားစု ရဲ့အလှူလေးပါ။ ခုတလော ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့် ပြည်သူတွေ တော်တော်များများ ကျပ်တည်းလာကြပြီး အကူအညီ တောင်းခံမှုတွေလည်း များလာပါတယ်။ နောက်ထပ်မျှဝေလှူဒါန်းမှုများအတွက် ဆန် တစ်ပြည် ၂၀၀၀ကျပ်၊ ဆန်တစ်အိတ် ၅၀ ၀၀၀ကျပ် ဖြင့် တတ်နိူင်သလောက် မျှဝေ လှူပေးကြပါအုံးရှင့်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာခဲ့ပါတယ်။ရေကြည်ချမ်းမြကတော့ ခင်ပွန်းဖြစ်သူ ဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းနဲ့အတူတူ ချို့တဲ့တဲ့အိမ်ထောင်စုတွေကို ဆန်တွေလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝေဠုကျော်တို့ ဖောင်ဒေးရှင်းရဲ့ ကုသိုလ်လေးကိုထပ်တူပီတိဖြစ်ဝမ်းသာနေကြမယ်ထင်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published.