မြန်မာဆယ်လီ

ကြက်သားသည်ဘဝကနေ အောင်မြင်တဲ့ Dj ဖြစ်လာအောင် ကြိုးစားခဲ့ရတယ်ဆိုတဲ့ သရုပ်ဆောင် မင်းထိုက်ရဲ့ ချစ်သူလေး Violet

ပရိသတ်ကြီးရေ မင်းသားကြီး နေမျိုးအောင်ရဲ့ သားကြီး မင်းထိုက်ကတော့ သူရဲ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို တရားဝင်ချပြထားတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ မင်းထိုက်ရဲ့ ချစ်သူလေး Dj Violet က ကြက်သားသည်ဘဝကနေ အောင်မြင်တဲ့ DJ ဖြစ်လာအောင် ကြိုးစားခဲ့ရကြောင်းပြောပြလာတာဖြစ်ပါတယ်။

Dj Violet က ငယ်ငယ်ကတည်းက ညဘက်ဆို ကြက်တွေ အမွှေးနှုတ်ပြီး မနက်ဆို အမေ နဲ့ စျေးမှာ သွားရောင်း ခဲ့ရတယ်။

ကျောထောက်နောက်ခံ မရှိ၊ ပညာရေးကလည်း မကောင်းတော့ DJ သမား ဖြစ်ဖို့ ခက်ခဲ ခဲ့ရတယ်။

DJ လောကမှာ အပြိုင်အဆိုင်တွေ ရှိလာပေမယ့် ကြက်သားသည်ဘဝကို ပြန်မသွားနိုင်လို့ အားတင်း ကြိုးစား နေတယ်လို့ ပြောလာတဲ့ DJ Violet / ထွေးမွန်ကပြောလာတာဖြစ်ပါတယ်။
MyanmCelebrit

Leave a Reply

Your email address will not be published.