General Knowledge

ရေငုပ်ပြီးငါးဖမ်းရာမှ ငါးကပါးစပ်ထဲဝင်သွားခဲ့ပြီးလည်ချောင်းမှာခံနေခဲ့လို့ အရေးပေါ်ခွဲစိတ်မှုလုပ်ခဲ့ရသည့် ငါးဖမ်းသမား

နေရာဒေသပေါ်မူတည်ပြီး ငါးဖမ်းသည့်ဓလေ့ကတော့ကွဲပြားခြားနားမှုတွေရှိနေတာဖြစ်ပါတယ်။ထိုသို့ငါးဖမ်းရာမှအလွဲလေးနှင့်ကြုံတွေ့ရတာကိုလည်းလူတိုင်းကြားဖူးမှာသေချာပါတယ်။

သို့သော်လည်းထိုင်းနိုင်ငံမှအမျိုးသားတစ်ဦးကဲ့သို့သောအဖြစ်မျိုးကိုတော့ကြုံဖူးကြလိမ့်မည်မဟုတ်ပေ။

လူအများ၏ပြောစကားအရ အမျိုးသားဟာကေငုပ်ပြီးငါးဖမ်းဖို့ကြိုးစားနေချိန်မှာငါးတစ်ကောင်ကပါးစပ်ထဲရောက်လာခဲ့တာဟုသိရပါတယ်။ထို့နောက် လည်ချောင်းထဲမှာခံနေပြီးအသက်ရှုမရဖြစ်လာသည့်အတွက်ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။အမျိုးသားကိုချက်ချင်းခွဲစိတ်ကာကုသပေးခဲ့ရပြီး ၂နာရီကြာအောင်ခွဲစိတ်ခဲ့ရတယ်ဟုသိရပါတယ်။ဆရာဝန်ကတော့ ငါးကပါးစပ်ထဲကိုဘယ်လိုရောက်သွားလဲဆိုတာစဉ်းစားမရဖြစ်နေခဲ့ပါတယ်။
MyanmCelebrit

Leave a Reply

Your email address will not be published.