မြန်မာဆယ်လီ

ဘဝလက်တွဲဖော်ပါရမီဖြည့်ဖက်ကောင်းချစ်ဇနီးလေးရဲ့မွေးနေ့လေးကို ထူးထူးခြားခြားလေးဆုတောင်းပေးလိုက်တဲ့ မိုးစက်

ပရိသတ်ကြီးရေ မိုးစက်ကတော့ သမာအာဇီဝကျကျ ဝမ်ရေးဖြေရှင်းနေတဲ့ သက်ကြီးအဖိုးအဖွားတွေကို ကူညီထောက်ပံ့ပေးနေခဲ့တာကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ မိုးစက်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့ဆုတောင်းပေးလာခဲ့ပါတယ်။


မွေးနေ့ဆုတောင်းလေးကတော့ သူ့အတွက် ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်တဲ့ ဇနီးချောလေးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ “Happy Birthday ပါ ချစ်ရေ။ ကို့ရင်ခွင်မှာ အနစ်နာခံပြီး ပါရမီဖြည့်ပေးလို့ ကျေးဇူးတင်ပါတယ် ။ချစ်ရဲ့ အိမ်မက်တွေအားလုံး မက်ခွင့်ရပါစေ။” ဆိုပြီး နှစ်ယောက်သားရဲ့ ပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။


မိုးစက်ရဲ့ ဇနီးလေးကတော့ မိုးစက်တစ်ယောက် အခုလို ပရဟိတအလုပ်တွေကို လုပ်ကိုင်နိုင်ဖို့ နောက်ကွယ်ကနေ ပံ့ပိုးကူညီပေးနေခဲ့တဲ့သူပါ။ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် မိုးစက်ရဲ့ ဇနီးလေးအတွက် ပရိသတ်ကြီးတွေလည်း မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။


MyanmCelebrit

Leave a Reply

Your email address will not be published.